Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို​သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​သောအခါ အလွန်​ဝမ်းနည်း​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ထို​သူ​ကား​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ်​သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ​အ​လွန် ပင်​စိတ်​ညှိုး​ငယ်​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ထို စ ကား ကို ကြား လျှင် များ စွာ ကြွယ် ဝ သူ ဖြစ် သော ကြောင့် အ လွန် နှ လုံး မ သာ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ထို​သူ​သည် ချမ်းသာကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ဤ​စကား​ကို ကြား​သော် အလွန်​ဝမ်းနည်းလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

23 ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:23
15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​လူမျိုး​တော်​ကဲ့သို့ သင့်​ထံ​လာ​၍ သင့်​ရှေ့​တွင်​ထိုင်​လျက် သင့်​စကား​ကို နားထောင်​ကြ​သော်လည်း မ​လိုက်နာ​ဘဲ​နေ​၏​။ သူ​တို့​၏​နှုတ်​သည် ချစ်​ဖွယ်​စကား​ကို ပြောဆို​ကြ​၏​။ သူ​တို့​၏​စိတ်​မူကား မတရား​သော​အကျိုး​စီးပွား​ကို စွဲလမ်း​ကြ​၏​။


ထို​လူငယ်​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် ဝမ်းနည်း​လျက် ထွက်သွား​လေ​၏။


ထို​သူ​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် မျက်နှာ​ညှိုးငယ်​၍ ဝမ်းနည်း​လျက်​ထွက်သွား​လေ​၏။


ထို့နောက် လူ​တို့​အား“လောဘ​လွန်ကျူး​ခြင်း​အမျိုးမျိုး​ကို သတိပြု​၍​ရှောင်ကြဉ်​ကြ​လော့။ အကြောင်းမူကား လူ​၏​အသက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​မှု​အပေါ်၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ၏။


ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။


ယေရှု​သည် ထို​သူ​အလွန်​ဝမ်းနည်း​သည်​ကို​မြင်​လျှင်“ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။


ဇက္ခဲ​သည်​ရပ်​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်ဝက်​ကို ဆင်းရဲသား​တို့​အား​ပေး​ပါ​မည်။ ထို့ပြင် တစ်စုံတစ်ဦး​ထံမှ တစ်စုံတစ်ရာ​ကို မတရား​တောင်းခံ​ထား​သည်​ဆိုလျှင် လေးဆ​ပြန်​ပေး​ပါ​မည်”​ဟု သခင်​ဘုရား​အား​လျှောက်​လေ​၏။


သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။


ဆူးပင်​တို့​တွင်​ကျ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း သွားလာ​နေထိုင်​စဉ် ဘဝ​အသက်တာ​နှင့်ဆိုင်သော​စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​ကြွယ်ဝ​ခြင်း​နှင့် ကာမဂုဏ်​ခံစား​ခြင်း​တို့​ဖြင့် ကာဆီး​ပိတ်ဆို့​ခံရ​သဖြင့် အသီး​မ​အောင်​သော​သူ​တို့​ကို​ဆို​လို​၏။


တရားနှင့်မညီ​မေထုန်ပြု​သူ၊ ညစ်ညူး​သော​သူ၊ ရုပ်တု​ကိုးကွယ်​သူ​ဖြစ်​သော လောဘ​လွန်ကျူး​သူ​တစ်စုံတစ်ဦး​မျှ ခရစ်တော်​နှင့်​ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်​ခံရ​မည်​မ​ဟုတ်​ကြောင်း ကောင်းစွာ​သိမှတ်​ကြ​လော့။


ထိုမျှမက ငါ​၏​သခင်​ခရစ်တော်​ယေရှု​ကို သိ​သော​ဉာဏ်​၏​ထူးမြတ်​သော​အကျိုးကျေးဇူး​ကြောင့် အရာ​ခပ်သိမ်း​ကို အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။ ထို​သခင်​ကို​ထောက်၍ အရာ​ခပ်သိမ်း​တို့​ကို ငါ​အဆုံးရှုံး​ခံ​ပြီး ၎င်း​တို့​ကို မစင်​ကဲ့သို့ ငါ​မှတ်ယူ​၏။


ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။


လောက​ကို​လည်းကောင်း၊ လောက​၌​ရှိ​သော​အရာ​တို့​ကို​လည်းကောင်း မ​ချစ်​ကြ​နှင့်။ မည်သူမဆို လောက​ကို​ချစ်​လျှင် ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ