အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 10:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

‘လူ​မ​သတ်​ရ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ၊ မ​ခိုးယူ​ရ၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ၊ လိမ်ညာ​လုယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့’ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး နှင့်၊ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​နှင့်၊ လိမ်​လည် လှည့်​စား​မှု​ကို​မ​ပြု​နှင့်၊ မိ​ဘ​ကို​ရို​သေ​မြတ် နိုး​လော့​ဟူ​သော​ပ​ညတ်​တော်​များ​ကို​သင်​သိ သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သူ့ အ သက် ကို မ သတ် နှင့်။ သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်။ သူ့ ဥ စ္စာ ကို မ ခိုး နှင့်။ မု သာ သက် သေ မ ခံ နှင့်။ လိမ် လည် ခြင်း မ ပြု နှင့်။ မိ ဘ ကို ရို သေ သ မှု ပြု လော့ ဟူ သော ပ ညတ် တော် များ ကို သင် သိ ပြီ ဟု မိန့် တော် မူ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။

Judson Bible

သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ သူ့​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် မ​သိမ်း​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

‘လူ့​အသက် မသတ်နှင့်။ သူတစ်ပါး​သားမယား​ကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သော​သက်သေ​ကို မထွက်ဆိုနှင့်။ လှည့်စားလိမ်ယူ​ခြင်း မပြုနှင့်။ မိဘ​ကို ရိုသေလော့’ ဟူသော ပညတ်တော်​ကို သင်​သိသည်​မဟုတ်လော” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ သူ့​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် မ​သိမ်း​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။



ရှင်မာကု 10:19
16 ပူးပေါင်းရင်းမြစ်များ  

ပညတ်တရား​၊ သက်သေခံ​တော်မူ​ချက်​တို့​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ ဤ​စကား​နှင့်အညီ မ​ပြောဆို​ကြ​လျှင် သူ​တို့​ထဲ၌ အရုဏ်အလင်း​မ​ရောက်​သေး​။


ယေရှု​က​လည်း“ငါ့​ကို​ကောင်းမြတ်​သော​သူ​ဟု အဘယ်ကြောင့်​ခေါ်​သနည်း။ ဘုရားသခင်​တစ်ပါးတည်း​မှလွဲ၍ ကောင်းမြတ်​သော​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။


‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့’​ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ၊ လူ​မ​သတ်​ရ၊ မ​ခိုးယူ​ရ၊ တပ်မက်​သော​စိတ်​မ​ရှိ​ရ”​ဟူသော​ပညတ်ချက်​များ​မှစ၍ အခြား​မည်သည့်​ပညတ်​ချက်​မဆို “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော ဤ​မိန့်​တော်မူ​ချက်​၌ ပေါင်းခြုံ​ထား​၏။


သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။


ပညတ်​တရား​အောက်၌​နေ​လို​သော​သူ​တို့၊ ငါ့​ကို​ပြောပြ​ကြ​လော့။ ပညတ်​တရား​က မည်သို့​မိန့်ဆို​ထား​သည်​ကို သင်​တို့​မ​ကြား​ကြ​သလော။


အကြောင်းမူကား ပညတ်​တရား​အားလုံး​သည် “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော​စကား​တစ်​ခွန်း​တည်း​၌​ပြည့်စုံ​၏။


ထို​အမှုအရာ​မျိုး​၌ မိမိ​ညီအစ်ကို​အပေါ်​စည်းဖောက်​၍ အခွင့်ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ကို သတိပေး​၍ ကြိုတင်​ပြော​ထား​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​သည် ဤ​အမှုအရာ​အားလုံး​အတွက် အပြစ်​ဒဏ်​ပေး​တော်မူ​လိမ့်မည်။


အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ”​ဟု ပညတ်​တော်မူ​သော​အရှင်​သည် “လူ​မ​သတ်​ရ”​ဟူ၍​လည်း ပညတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​သော်လည်း လူ​သတ်​လျှင် ပညတ်​တရား​ကို ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​၏။