သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
ရှင်မာကု 10:11 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ Common Language Bible ကိုယ်တော်က ``မိမိဇနီးကိုကွာ၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြု သူသည် မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏။- Garrad Bible ကိုယ် တော် က မည် သူ မ ဆို မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဖက် ပြု လျှင် မ ယား ကို ပြစ် မှား သူ ဖြစ် ၏။ Judson Bible ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်ခြင်းကိုပြ၏။ ထိုသူသည် မိမိမယားကို ပြစ်မှား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ခင်ပွန်းဖြစ်သူသည် မိမိဇနီးကို ကွာရှင်းကာ အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပါက သူသည် မိမိမယားကို ပြစ်မှား၍ အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ မြန်မာ ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်ခြင်းကိုပြ၏။ ထိုသူသည် မိမိမယားကို ပြစ်မှား၏။- |
သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
တပည့်တော်တို့သည် အိမ်ထဲ၌ရှိစဉ် ဤအကြောင်းအရာကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။
မိမိမယားကိုကွာရှင်း၍ အခြားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူတိုင်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ ခင်ပွန်းကကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်နေစဉ် အခြားသောယောက်ျားနှင့်ပေါင်းလျှင် ဖောက်ပြန်သောမိန်းမဟု အခေါ်ခံရလိမ့်မည်။ ခင်ပွန်းသေဆုံးလျှင်မူကား ထိုပညတ်တရားမှ ကင်းလွတ်သည်ဖြစ်၍ အခြားသောယောက်ျားနှင့်ပေါင်းသော်လည်း ဖောက်ပြန်သောမိန်းမမဟုတ်ပေ။
မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။
ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။