သို့သော် ဘုရားသခင်သည် ဆိုးယုတ်သောသူအား “ငါ၏ပြဋ္ဌာန်းချက်များကိုပြောကြား၍ ငါ၏ပဋိညာဉ်ကိုနှုတ်၌ဆောင်ထားခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။
ရှင်မာကု 1:25 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက်“တိတ်ဆိတ်၍ သူ့အထဲမှထွက်သွားလော့”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ဆိတ်ဆိတ်နေလော့။ ထွက်ခဲ့ လော့'' ဟုအမိန့်ပေးတော်မူ၏။- Garrad Bible ယေ ရှု က တိတ် လော့၊ ထို သူ မှ ထွက် လော့ ဟု ဆုံး မ တော် မူ သ ဖြင့်၊ Judson Bible ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကလည်း ထိုနတ်ဆိုးအား “တိတ်ဆိတ်စွာနေ၍ သူ့အထဲမှ ထွက်သွားလော့” ဟု ဆုံးမတော်မူ၏။ မြန်မာ ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊- |
သို့သော် ဘုရားသခင်သည် ဆိုးယုတ်သောသူအား “ငါ၏ပြဋ္ဌာန်းချက်များကိုပြောကြား၍ ငါ၏ပဋိညာဉ်ကိုနှုတ်၌ဆောင်ထားခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။
သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။
ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
ထိုအခါ ညစ်ညူးသောနတ်သည် ထိုသူကိုတက်စေပြီးလျှင် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် သူ့အထဲမှထွက်သွားလေ၏။
ထိုအခါ ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူများစွာတို့ကို ကိုယ်တော်သည်ကျန်းမာစေတော်မူပြီး နတ်ဆိုးများစွာတို့ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ကိုယ်တော်သည် သူတို့အားစကားပြောခွင့်ပေးတော်မမူ။
ယေရှုသည် လူထုပရိသတ်ပြေးလာကြသည်ကိုမြင်လျှင် ညစ်ညူးသောနတ်ကိုဆုံးမလျက်“ဆွံ့အ၍ နားပင်းသောနတ်၊ သင့်အား ငါအမိန့်ပေး၏။ သူ့အထဲမှထွက်သွားလော့။ နောက်တစ်ဖန် သူ့အထဲသို့မဝင်နှင့်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက်“တိတ်ဆိတ်၍ သူ့အထဲမှ ထွက်သွားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချ၍ အနာတရမဖြစ်စေဘဲ သူ့အထဲမှ ထွက်သွားလေ၏။
နတ်ဆိုးတို့ကလည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်လျက် လူများစွာတို့အထဲမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ထိုနတ်ဆိုးတို့သိကြသောကြောင့် ကိုယ်တော်သည် သူတို့ကိုဆုံးမ၍ သူတို့အား စကားပြောခွင့်ပေးတော်မမူ။
ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။