ထိုအခါ အကျွန်ုပ်က “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း အကျွန်ုပ်လာပါပြီ။
ရှင်မာကု 1:2 - မြန်မာ့စံမီသမ္မာကျမ်း “ကြည့်ရှုလော့။ သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင် ဦးစွာငါစေလွှတ်မည်။” Common Language Bible ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။ Garrad Bible နား ထောင် ကြ ဦး။ သင် သွား ရာ လမ်း ကို ပြင် ဆင် မည့် ရှေ့ တော် ပြေး တ မန် တော် ကို ငါ စေ လွှတ် သည် ဟူ၍ လည်း ကောင်း၊ Judson Bible အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရောဖက်ဟေရှာယ ရေးသားထားသောကျမ်းတွင် “ကြည့်ရှုလော့။ ငါ၏တမန်ကို ဦးစွာ စေလွှတ်မည်။ သူသည် သင်သွားမည့်လမ်းကို ပြင်ဆင်လိမ့်မည်။ မြန်မာ အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။- |
ထိုအခါ အကျွန်ုပ်က “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း အကျွန်ုပ်လာပါပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
‘ကြည့်ရှုလော့။ သင့်ရှေ့၌သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင်ဦးစွာငါစေလွှတ်မည်’ဟု ကျမ်းစာ၌ရေးထားသည်မှာ ဤသူ၏အကြောင်းပင်ဖြစ်၏။
လူ့သားသည် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက“ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးအုပ်သည် ကွဲလွင့်သွားရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ ဤည၌ သင်တို့အားလုံးသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။
အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ပရောဖက်ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် ထာဝရဘုရား၏လမ်းတော်ကိုပြင်ဆင်ရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအားဖြင့်သက်ရောက်သော ကယ်တင်ခြင်းနှင့်ဆိုင်သည့်အသိပညာကိုပေးရန်လည်းကောင်း၊ ကိုယ်တော်၏ရှေ့တော်၌ သွားလိမ့်မည်။
ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့သွားနေကြ၏။ လူ့သားနှင့်ပတ်သက်၍ ပရောဖက်တို့ရေးထားသောအရာအားလုံးတို့သည် ပြည့်စုံရလိမ့်မည်။