အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော်သည် အံ့ဩဖွယ်အမှုများဖြင့် ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်တို့ကိုထူးတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအစွန်းရှိသမျှနှင့် ဝေးလံသောပင်လယ်၌နေသောသူတို့၏ ကိုးစားရာဖြစ်တော်မူ၏။
ရောမ 9:28 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားသည် မိန့်တော်မူသောအရာကို မြေကြီးပေါ်၌ပြည့်စုံစေ၍ မဆိုင်းမတွ ပြုလုပ်တော်မူလိမ့်မည်”ဟု ကြွေးကြော်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ဘုရားရှင်သည်ကမ္ဘာ ပေါ်ရှိလူအပေါင်းတို့ကိုမဆိုင်းမတွဘဲ အလျင်အမြန်တရားစီရင်တော်မူမည်ဖြစ် သောကြောင့်တည်း'' ဟုကြွေးကြော်ခဲ့၏။- Judson Bible အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှာ ဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည် မြေပေါ်မှာ ဆုံးဖြတ်တော်မူသောအမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ကမ္ဘာကို လျင်မြန်ပြတ်သားစွာ စီရင်တော်မူမည်ဖြစ်သောကြောင့် ဖြစ်၏” ဟူ၍ ကြွေးကြော်ခဲ့၏။ |
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော်သည် အံ့ဩဖွယ်အမှုများဖြင့် ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်တို့ကိုထူးတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအစွန်းရှိသမျှနှင့် ဝေးလံသောပင်လယ်၌နေသောသူတို့၏ ကိုးစားရာဖြစ်တော်မူ၏။
ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်စွာတရားစီရင်၍ လူမျိုးအပေါင်းတို့ကို သမာသမတ်ရှိစွာစစ်ကြောစီရင်တော်မူ၏။
အို အစ္စရေး၊ သင်၏လူမျိုးသည် ပင်လယ်သဲပွင့်နှင့်အမျှများသော်လည်း အကြွင်းအကျန်သာ ပြန်လာကြလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းကို စီရင်တော်မူပြီ။ ဖြောင့်မတ်ခြင်း လွှမ်းမိုးလေပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြဋ္ဌာန်းထားသောသုတ်သင်ဖျက်ဆီးခြင်းကို မြေတစ်ပြင်လုံးတွင် စီရင်တော်မူပြီ။
ထို့ကြောင့် ပြက်ရယ်မပြုကြနှင့်။ ပြုလျှင် သင်တို့ကို ချည်နှောင်သောကြိုးတို့သည် ပိုမိုတင်းကျပ်လိမ့်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သုတ်သင်ဖျက်ဆီးမည်ဟု ဆုံးဖြတ်ချက်ချတော်မူကြောင်းကို ငါကြားသိရပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမူကား တရားမျှတခြင်းကြောင့် ချီးမြှောက်ခြင်းခံရမည်။ သန့်ရှင်းသောအရှင်သည် မိမိသန့်ရှင်းတော်မူကြောင်းကို ဖြောင့်မတ်ခြင်းအားဖြင့် ထင်ရှားစေတော်မူမည်။
အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။
အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။