ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ချီးမွမ်းနိုင်ရန် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အချုပ်အနှောင်ထဲမှထုတ်ဆောင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူမည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံထားကြပါလိမ့်မည်။
ရောမ 7:23 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။ Common Language Bible သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။- Garrad Bible ငါ့ ကိုယ် အင်္ဂါ အ များ၌ ရှိ သော အ ပြစ် တ ရား အောက် သို့ ငါ့ ကို သုံ့ ဘမ်း သော တ ရား တစ် မျိုး သည် ကိုယ် အင်္ဂါ များ၌ ရှိ ကြောင်း ငါ သိ၏။ Judson Bible သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ကျွန်ုပ်၏စိတ်က နှစ်သက်သောသဘောတရားနှင့် ဆန့်ကျင်တိုက်ခိုက်နေသည့် အခြားသဘောတရားတစ်ခုသည် ကျွန်ုပ်အတွင်း၌ ရှိနေ၏။ ထိုသဘောတရားက ကျွန်ုပ်အတွင်း၌ ကိန်းအောင်းလျက် ရှိနေသေးသော အပြစ်တရား၏လက်အောက်သို့ ကျရောက်စေသည်ကို ကျွန်ုပ်မြင်ရ၏။ |
ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ချီးမွမ်းနိုင်ရန် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အချုပ်အနှောင်ထဲမှထုတ်ဆောင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူမည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံထားကြပါလိမ့်မည်။
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
သင်တို့၏ကိုယ်အင်္ဂါများကိုလည်း မတရားမှု၏လက်နက်များအဖြစ် အပြစ်အား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သေသောသူတို့ထဲမှ အသက်ရှင်လာသူကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်အား ဆက်သ၍ သင်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့။
သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။
သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။
သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏။
အကြောင်းမူကား ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ်ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏။
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကို မပြုနိုင်ကြပေ။
သင်တို့သည် အပြစ်နှင့်တိုက်ခိုက်ရာတွင် သွေးမြေကျသည့်တိုင်အောင် ခုခံတွန်းလှန်ခြင်းကိုမပြုကြရသေး။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။
သင်တို့တွင်ရှိသော စစ်တိုက်ခြင်းနှင့်ခိုက်ရန်ဖြစ်ခြင်းတို့သည် အဘယ်ကဖြစ်လာကြသနည်း။ သင်တို့၏ကိုယ်အင်္ဂါများထဲ၌ ပြိုင်ဆိုင်တိုက်ခိုက်နေကြသည့် သင်တို့၏ကာမဂုဏ်ခံစားလိုသောစိတ်မှ ဖြစ်လာကြသည်မဟုတ်လော။
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။