လာကြ။ သူ့ကို ဣရှမေလလူမျိုးတို့ထံ ရောင်းလိုက်ကြစို့။ သူသည် ငါတို့၏ညီ၊ ငါတို့၏သွေးသားဖြစ်သောကြောင့် သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ညီအစ်ကိုတို့သည်လည်း သူ့ကိုနာခံကြ၏။
ရောမ 7:14 - မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။ Common Language Bible ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။- Garrad Bible ပ ညတ် တ ရား တော် သည် ဝိ ညာဉ် တော် နှင့် စပ် ဆိုင် ကြောင်း ငါ တို့ သိ ကြ၏။ ငါ မူ ကား အ ပြစ် တ ရား အောက် ကျွန် ခံ သူ၊ ဇာ တိ သ ဘော အောက် နေ သူ ဖြစ် လေ စွ။ Judson Bible ထိုမှတစ်ပါး၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားသည် ဝိညာဉ်ရေးနှင့် ဆိုင်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်မှာမူ လူ့ဗီဇစိတ်နှင့်ဆိုင်သောသူဖြစ်ပြီး အပြစ်တရားထံ ရောင်းစားခြင်းခံရသူ ဖြစ်၏။ |
လာကြ။ သူ့ကို ဣရှမေလလူမျိုးတို့ထံ ရောင်းလိုက်ကြစို့။ သူသည် ငါတို့၏ညီ၊ ငါတို့၏သွေးသားဖြစ်သောကြောင့် သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ညီအစ်ကိုတို့သည်လည်း သူ့ကိုနာခံကြ၏။
အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
သူတို့၏သားသမီးတို့ကို မီးရှို့ပူဇော်ကြ၏။ ဂမ္ဘီရအတတ်၊ ဟူးရားအတတ်တို့ကို ဆည်းပူးကြ၏။ မကောင်းမှုပြုရန် ကိုယ့်ကိုယ်ကိုယ်ရောင်းစားခြင်းဖြင့် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မြေမှုန့်၌ကပ်နေပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။
နေ့အချိန်ဖြစ်လျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်ရှိ၏။ သူခိုးသည် မုချအလျော်ပေးရမည်။ သူ၌မည်သည့်အရာမျှမရှိလျှင် ခိုးယူထားသောအရာအတွက် သူသည်အရောင်းခံရမည်။
ဘုရားသခင်၏မိန့်တော်မူချက်ရှိသမျှသည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် ကိုယ်တော်သည် ဒိုင်းလွှားဖြစ်တော်မူ၏။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
ထာဝရဘုရားက “သင်တို့သည် အဖိုးမဲ့ရောင်းစားခံရသည်ဖြစ်၍ ငွေမပေးရဘဲ ရွေးနုတ်ခံရမည်”ဟု မိန့်တော်မူ၏။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
အနာကြီးရောဂါသည် အရေပြားပေါ်၌ ပြန့်ပွား၍ အနာဖြစ်နေသောသူ၏ဦးခေါင်းမှခြေတိုင်အောင် ယဇ်ပုရောဟိတ်တွေ့မြင်နိုင်သောနေရာရှိသမျှ၏အရေပြားအားလုံးကို အနာကြီးရောဂါဖုံးလွှမ်းနေလျှင်
သင်၏အမျိုးသားချင်းကို လက်တုံ့မပြန်ရ။ အငြိုးမထားရ။ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အစ္စရေးလူမျိုးတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ငွေအတွက် ဖြောင့်မတ်သောသူကို ရောင်းစား၏။ ဖိနပ်တစ်ရံအတွက် နွမ်းပါးသူကို ရောင်းစား၏။
သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား“အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် မှားယွင်းစရာအကြောင်းဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏”ဟု မိန့်တော်မူ၏။
သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
ထိုအခါ ယေရှုသည် ထိုသူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူး၏အိမ်နှင့် မဝေးလှသောနေရာသို့ရောက်တော်မူသောအခါ တပ်မှူးသည် မိတ်ဆွေများကိုစေလွှတ်၍ “သခင်ဘုရား၊ အပင်ပန်းခံတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။
သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် သာ၍ကောင်းမြတ်သလော။ လုံးဝမဟုတ်ပေ။ အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားအောက်၌ရှိကြောင်း အထက်က ငါတို့ထောက်ပြခဲ့ပြီ။
ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။
ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်းအောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။
ထိုနည်းတူ ငါတို့သည်လည်း ကလေးသူငယ်ဖြစ်ကြစဉ် လောက၏အခြေခံတရားအောက်၌ ကျွန်ခံခဲ့ကြ၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် ချစ်ရမည်။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။