ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
ရောမ 7:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တော်သည်လည်း သန့်ရှင်းဖြောင့်မတ်၍ ကောင်းမြတ်၏။ Common Language Bible ထို့ကြောင့်ပညတ်တရားသည်မြင့်မြတ်သန့်ရှင်း ၏။ ပညတ်တော်သည်လည်းမြင့်မြတ်သန့်ရှင်း မှန်ကန်ကောင်းမြတ်၏။- Garrad Bible ထို ကြောင့် ပ ညတ် တ ရား တော် သည် သန့် ရှင်း ၏။ ပ ညတ် တော် လည်း သန့် ရှင်း ဖြောင့် မတ် ကောင်း မွန် ၏။ Judson Bible ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သို့ပင်ဖြစ်စေကာမူ ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တရား၌ ပါဝင်သောပညတ်တော်တို့သည်လည်း သန့်ရှင်း၏။ မှန်ကန်၍ ကောင်းမြတ်၏။ |
ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက် ပို၍မြတ်နိုးပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည်လည်း ဖြောင့်မှန်ကြပါ၏။
ကိုယ်တော်၏မိန့်တော်မူချက်သည် အလွန်ခိုင်လုံမှန်ကန်သည်ဖြစ်၍ ကိုယ်တော်၏အစေအပါးသည် ၎င်းကိုမြတ်နိုးပါ၏။
ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် ဖြောင့်မတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏မိန့်တော်မူချက်ကို တေးဖွဲ့သီဆိုပါမည်။
ကိုယ်တော်ကိုကြောက်ရွံ့ခြင်းရှိစေရန် ကိုယ်တော်၏ကတိတော်ကို ကိုယ်တော်၏အစေအပါး၌ ပြည့်စုံစေတော်မူပါ။
ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ ထိုသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲကြသည်ဖြစ်၍ အကျွန်ုပ်ကို ကူညီမစတော်မူပါ။
သင်တို့သည် ဤလောက၏ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိနိုင်ရန် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။
သို့ဖြစ်လျှင် ငါတို့သည် ယုံကြည်ခြင်းကြောင့် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝမပယ်ဖျက်ကြ။ ပညတ်တရားကို တည်မြဲတည်စေကြ၏။
ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။
ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။
အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊
ယနေ့ သင်တို့ရှေ့မှောက်၌ ငါထားသော ဤတရားအလုံးစုံတို့ကဲ့သို့ ဖြောင့်မှန်သော ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်မျိုး မည်သည့်လူမျိုးကြီး၌ရှိသနည်း။
သို့သော် ပညတ်တရားကို စည်းမျဉ်းစည်းကမ်းနှင့်အညီအသုံးပြုလျှင် ၎င်းသည် ကောင်းမြတ်ကြောင်း ငါတို့သိကြ၏။