အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 5:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ရာတွင် ဆု​ကျေးဇူး​သည် ကျူးလွန်​သော​အပြစ်​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် များစွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့် ယေရှု​ခရစ်တော်​တည်းဟူသော တစ်​ယောက်​သော​သူ​၏​ကျေးဇူး​တော်​အားဖြင့် သက်ရောက်​သော​ကောင်းချီး​လက်ဆောင်​သည် များစွာ​သော​လူ​တို့​၌ ပို၍​ပင် ကြွယ်ဝ​ပြည့်စုံ​မည်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ ဘု​ရား​သ​ခင် ၏​အ​ခ​မဲ့​ဆု​ကျေး​ဇူး​တော်​နှင့်​အာ​ဒံ​၏​အ​ပြစ် ကူး​လွန်​ပုံ​မ​တူ​သ​ဖြင့် သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ တစ်​ဦး​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​လူ​များ​စွာ သေ​သည်​မှန်​ပါ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​ဖြစ်​သူ ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ မြောက်​မြား​စွာ​ရ​ရှိ​ကြ​သည့်​ဆု​ကျေး​ဇူး သည်​လည်း​ကောင်း​ပို​၍​ကြွယ်​ဝ​ပေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​သော်​လည်း၊ ပြစ်​မှား​ခြင်း​သ​ဘော​နှင့် ကျေး​ဇူး​တော်​သ​ဘော မ​တူ။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​အား​ဖြင့်၊ လူ​များ​တို့​သည် သေ​ခြင်း​သို့ ရောက်​ကြ၏။ တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့် ကျေး​ဇူး​တော်၏​အ​ကျိုး​သည် လူ​များ​တို့၌​သာ၍ ကြွယ်​ဝ​ပြည့်​စုံ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့ရာတွင် အာဒံ​၏​အပြစ်​နှင့် ဘုရားသခင်​၏ ဆုကျေးဇူး​သည် အလွန်​ကွာခြား၏။ ဤ​လူတစ်ဦး​ဖြစ်သော အာဒံ​၏ အပြစ်​ကြောင့် လူများစွာ​သည် သေကြရ၏။ သို့သော် အခြားသူ​တစ်ဦး​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် လူများစွာ​က ရရှိသော​ဘုရားသခင်​၏​ကျေးဇူးတော်​နှင့် ခွင့်လွှတ်ခြင်း​ဟူသည့်​လက်ဆောင်​သည် ပို၍ ကြီးမား၏။

အခန်းကိုကြည့်ပါ။



ရော​မ 5:15
20 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မိမိ​စိတ်ဝိညာဉ်​ခံစား​ရ​သော ဒုက္ခဝေဒနာ​၏​အကျိုး​ကို​မြင်​၍ အားရကျေနပ်​မည်​။ ဖြောင့်မတ်​သော​ငါ​၏​အစေအပါး​သည် သူ​၏​အသိပညာ​အားဖြင့် လူ​များစွာ​တို့​ကို ဖြောင့်မတ်​သော​သူ​ဖြစ်စေ​မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ထမ်းသွား​မည်​။


ထိုအခါ မြေမှုန့်​ထဲ၌ အိပ်ပျော်​သော​သူ​အမြောက်အမြား​နိုးလာ​၍ အချို့​တို့​သည် ထာဝရ​အသက်ရှင်​ရ​လိမ့်မည်​။ အချို့​တို့​သည် ကဲ့ရဲ့​ခြင်း​၊ ရွံရှာ​ခြင်း ထာဝရ​ခံရ​လိမ့်မည်​။


ဤသည်ကား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။


ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။


ယေရှု​က​လည်း“ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ငါ​တို့​သည်​လည်း ထို​သူ​တို့​နည်းတူ သခင်​ယေရှု​၏​ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​သည်​ဟု ယုံကြည်​ကြ​၏”​ဟု ပြောဆို​၏။


ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။


အကြောင်းမှာ အပြစ်​၏​အခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘုရားသခင်​ပေး​တော်မူ​သော​ဆု​ကျေးဇူး​မူကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​အားဖြင့် ထာဝရ​အသက်​ဖြစ်​၏။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။


ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်တော်​၏​ကောင်းချီး​လက်ဆောင်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ပါ​၏။


အကြောင်းမူကား သင်​တို့​သည် ကျေးဇူး​တော်​ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ ၎င်း​သည် သင်​တို့​ကိုယ်တိုင်​ကြောင့်​မ​ဟုတ်​ဘဲ ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်​၏။


သို့သော် ဘုရားသခင်​၏​ကျေးဇူး​တော်​အားဖြင့် လူ​တိုင်း​အတွက် သေ​ခြင်း​ကို​မြည်းစမ်း​စေရန် ကောင်းကင်​တမန်​တို့​ထက် ခေတ္တ​ခဏ နိမ့်ကျ​စေ​ခြင်း​ကို​ခံရ​၍ သေ​ခြင်း​နှင့်ဆိုင်သော​ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောကြောင့် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​တို့​ဖြင့် သရဖူ​ဆောင်း​ရ​သည့်​ယေရှု​ကို ငါ​တို့​မြင်​ရ​ကြ​၏။


ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။


ထို​သက်သေခံ​ချက်​မှာ ဘုရားသခင်​သည် ငါ​တို့​အား ထာဝရ​အသက်​ကို​ပေး​တော်မူ​ပြီး ထို​အသက်​သည် ဘုရားသခင်​၏​သား​တော်​၌​ရှိ​၏​ဟူ၍ ဖြစ်​၏။