ယေရှုကိုလုပ်ကျွေးပြုစုလျက် ဂါလိလဲနယ်မှ နောက်တော်သို့လိုက်လာသည့် များစွာသောအမျိုးသမီးတို့သည်လည်း ထိုနေရာ၌ရှိ၍ အဝေးမှကြည့်နေကြ၏။
ရောမ 16:6 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အတွက် အလွန်ကြိုးစားလုပ်ဆောင်ခဲ့သူ မာရိကို နှုတ်ဆက်ပေးကြလော့။ Common Language Bible သင်တို့အတွက်အလုပ်ကိုကြိုးစားလုပ်ဆောင်သူ မာရိကိုနှုတ်ဆက်ကြလော့။- Garrad Bible သင် တို့ အ ဘို့ များ စွာ ကြိုး စား အား ထုတ် ခဲ့ သော မာ ရိ ကို နှုတ် ဆက် ကြ လော့။ Judson Bible ငါတို့အမှုကို ကြိုးစား၍ ဆောင်ရွက်သော မာရိကို နှုတ်ဆက်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အတွက် အလုပ်အလွန်ကြိုးစားသော မာရိကို နှုတ်ဆက်ပေးကြလော့။ |
ယေရှုကိုလုပ်ကျွေးပြုစုလျက် ဂါလိလဲနယ်မှ နောက်တော်သို့လိုက်လာသည့် များစွာသောအမျိုးသမီးတို့သည်လည်း ထိုနေရာ၌ရှိ၍ အဝေးမှကြည့်နေကြ၏။
ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။
သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အန္ဒြောနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူများလည်း ဖြစ်ကြ၏။
ညီအစ်ကိုတို့၊ သင်တို့ထဲတွင် အားထုတ်လုပ်ဆောင်လျက်၊ သခင်ဘုရား၌ သင်တို့ကို စီမံအုပ်ချုပ်လျက် သင်တို့ကိုသတိပေးဆုံးမနေကြသောသူများကို ကြည်ညိုလေးစားကြရန်လည်းကောင်း၊
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။