ထိုနည်းတူ နောက်ဆုံးသောသူတို့သည် အဦးဆုံးဖြစ်ကြပြီး အဦးဆုံးသောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ရောမ 16:13 - မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရား၌ရွေးကောက်ခံရသောသူ ရုဖုနှင့် ငါ၏မိခင်လည်းဖြစ်သော သူ့မိခင်ကို နှုတ်ဆက်ပေးကြလော့။ Common Language Bible သခင်ဘုရား၏အမှုတော်ကိုထူးချွန်စွာ ဆောင်ရွက်သူရုဖုနှင့် ငါ၏အမိသဖွယ် ဖြစ်သောသူ၏အမိကိုနှုတ်ဆက်လိုက်၏။- Garrad Bible အ ရှင် ဘု ရား၌ ဧ တ ဒဂ် ရ သူ ရု ဖု မှ စ၍ ငါ့ အ မိ သ ဘွယ် ဖြစ် သော သူ့ အ မိ ကို နှုတ် ဆက် ကြ လော့။ Judson Bible မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော ငါ၏အမိကို နှုတ်ဆက်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရား၏ အမှုတော်အတွက် သခင်ဘုရားကိုယ်တိုင် ရွေးကောက်တော်မူသော ရုဖုနှင့် ကျွန်ုပ်အတွက် မိခင်သဖွယ်ဖြစ်သောသူ၏မိခင်ကို နှုတ်ဆက်ပေးကြလော့။ |
ထိုနည်းတူ နောက်ဆုံးသောသူတို့သည် အဦးဆုံးဖြစ်ကြပြီး အဦးဆုံးသောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုစဉ် အလက်ဇန္ဒြားနှင့်ရုဖုတို့၏ဖခင်ဖြစ်သည့် ကုရေနေမြို့သားရှိမုန်သည် တောရွာမှလာ၍ လမ်း၌ဖြတ်သွားသည်ကို သူတို့တွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
အကြောင်းမူကား ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
ထို့နောက် ထိုတပည့်တော်အား“ကြည့်လော့။ သင်၏အမိပေတည်း”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ခေါ်ထားလေ၏။
သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။
အသုံကရိတ်၊ ဖလေကုန်၊ ဟေရမေ၊ ပတ်ရောဘ၊ ဟေရမမှစ၍ သူတို့နှင့်အတူရှိသော ညီအစ်ကိုများကို နှုတ်ဆက်ပေးကြလော့။
ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး
သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။
အသက်ကြီးသောအမျိုးသမီးတို့ကို မိခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးတို့ကို ဖြူစင်သန့်ရှင်းသောစိတ်အပြည့်အဝဖြင့် နှမကဲ့သို့လည်းကောင်း မှတ်၍ တိုက်တွန်းနှိုးဆော်လော့။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။