ရှင်ယောဟန် 19:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထို့နောက် ထိုတပည့်တော်အား“ကြည့်လော့။ သင်၏အမိပေတည်း”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ခေါ်ထားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ထိုနောက်တပည့်တော်အား ``ဤမှာသင်၏ အမိ'' ဟုမိန့်မြွက်တော်မူ၏။ ထိုအခါမှ စ၍ထိုတပည့်တော်သည်မယ်တော်အား မိမိ၏အိမ်တွင်ပြုစုစောင့်ရှောက်ထားလေ သည်။ အခန်းကိုကြည့်ပါ။Garrad Bible27 ထိုတပည့်တော်အား သင့်အမိပါတကားဟူ၍လည်းကောင်း၊ မိန့်တော်မူသည့်အတိုင်း ထိုတပည့်တော်သည် မယ်တော်ကိုကိုယ့်အိမ်သို့ ထိုအချိန်ကပင်ခေါ်ထားလေ၏။ အခန်းကိုကြည့်ပါ။Judson Bible27 တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 ထို့နောက် ထိုတပည့်တော်အား “ဤအမျိုးသမီးသည် သင်၏ မိခင်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် ယေရှု၏ မယ်တော်ကို မိမိအိမ်၌ ခေါ်ထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ27 တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သင်တို့သည် အကျွန်ုပ်ကို ဤအရပ်သို့စေလွှတ်သည်မဟုတ်။ ဘုရားသခင်စေလွှတ်တော်မူသည်ဖြစ်၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖာရောမင်းကြီး၏အဖအရာ၌လည်းကောင်း၊ နန်းတော်သူနန်းတော်သားအပေါင်းတို့၏သခင်အရာ၌လည်းကောင်း၊ အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူအရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။