ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝစေတော်မူလိမ့်မည်။ နှစ်လိုဖွယ်ကောင်းသောအရာသည် ကိုယ်တော်၏လက်ယာဘက်၌ အစဉ်ရှိပါ၏။
ရောမ 15:29 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထံသို့ ငါလာသောအခါ ခရစ်တော်၏ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့်လာမည်ကို ငါသိ၏။ Common Language Bible သင်တို့ထံလာသောအခါခရစ်တော်၏ကောင်းချီး မင်္ဂလာအပြည့်အစုံနှင့်ငါရောက်လာမည်ကိုငါ သိ၏။ Garrad Bible သင် တို့ ထံ ငါ လာ သည့် ကာ လ၌ လည်း ခ ရစ် တော်၏ ကောင်း ကြီး မင်္ဂ လာ အ ပြည့် အ စုံ နှင့် ရောက် လာ မည် ကို ငါ သိ ၏။ Judson Bible သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ပါသော ကောင်းချီးမင်္ဂလာပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့ထံသို့ လာသောအခါ ခရစ်တော်၏ ကောင်းချီးမင်္ဂလာ အပြည့်နှင့် ရောက်လာမည်ကို ကျွန်ုပ်သိ၏။ |
ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝစေတော်မူလိမ့်မည်။ နှစ်လိုဖွယ်ကောင်းသောအရာသည် ကိုယ်တော်၏လက်ယာဘက်၌ အစဉ်ရှိပါ၏။
သူတို့နှင့်တကွ သူတို့ကျက်စားရာငါ့တောင်ပတ်ပတ်လည်ကို ကောင်းချီးမင်္ဂလာချပေးမည်။ ရာသီအလိုက် မိုးရွာသွန်းစေမည်။ ကောင်းချီးမိုးကို ရွာသွန်းစေမည်။
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
ယခုအခါ ဤအရပ်တို့၌ ငါလုပ်ဆောင်ရမည့်နေရာမရှိတော့သည့်အပြင် သင်တို့ထံသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည်နှင့်အညီ
ဘုရားသခင်၏အလိုတော်အားဖြင့် ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံသို့ငါလာ၍ သင်တို့နှင့်အတူ နှစ်သိမ့်သက်သာခြင်းကိုခံစားနိုင်မည့်အကြောင်း ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံဆုတောင်းကြလော့။
ငါသည် ဤသို့ယုံကြည်စိတ်ချသဖြင့် သင်တို့သည် ကျေးဇူးတော်ကို နှစ်ကြိမ်ခံစားရမည့်အကြောင်း သင်တို့ထံသို့ ဦးစွာလာ၍
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
အသိပညာထက် ထူးကဲသောခရစ်တော်၏ချစ်ခြင်းမေတ္တာတော်ကိုသိရှိ၍ ဘုရားသခင်၏ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ငါဆုတောင်း၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်