ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
ရောမ 15:23 - မြန်မာ့စံမီသမ္မာကျမ်း ယခုအခါ ဤအရပ်တို့၌ ငါလုပ်ဆောင်ရမည့်နေရာမရှိတော့သည့်အပြင် သင်တို့ထံသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည်နှင့်အညီ Common Language Bible သို့ရာတွင်ယခုအခါ၌ငါသည်ထိုဒေသများ တွင် ဆောင်ရွက်သင့်သည့်အမှုကိစ္စကိုဆောင်ရွက်ပြီး ပါပြီ။ သင်တို့ထံသို့လာရန်လွန်ခဲ့သောနှစ်ပေါင်း များစွာကပင်ဆန္ဒရှိခဲ့သည်အတိုင်း၊- Garrad Bible ဤ နယ် များ အ တွင်း ဆက် လက် ဟော ပြော ရန် မ ရှိ သော ကြောင့် နှစ် ပေါင်း များ စွာ သင် တို့ ထံ ရောက် လို သည် နှင့် အ ညီ၊ Judson Bible ယခုမူကား၊ ဤအရပ်တို့၌ အခွင့်မရသည်ဖြစ်၍၊ သင်တို့ရှိရာသို့သွားခြင်းငှာ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယခုမှာမူ ထိုအရပ်ဒေသများ၌ ကျွန်ုပ်ဟောပြောရန် နေရာ မကျန်တော့ပြီ။ ထို့ကြောင့် သင်တို့ထံ လာရန် နှစ်ရှည်လများစွာ ဆန္ဒရှိခဲ့သည့်အတိုင်း |
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
သင်တို့ထံသို့ ငါလာသောအခါ ခရစ်တော်၏ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့်လာမည်ကို ငါသိ၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံသို့ငါလာ၍ သင်တို့နှင့်အတူ နှစ်သိမ့်သက်သာခြင်းကိုခံစားနိုင်မည့်အကြောင်း ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံဆုတောင်းကြလော့။
ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။
ငါသည် သင်၏မျက်ရည်များကိုအောက်မေ့သဖြင့် ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝမည့်အကြောင်း သင်နှင့်တွေ့နိုင်ရန်တောင့်တနေ၏။