မည်သူသည် ပညာရှိကဲ့သို့ဖြစ်သနည်း။ မည်သူသည် အမှုအရာ၏အနက်အဓိပ္ပာယ်ကိုသိသနည်း။ လူတစ်ဦး၏ဉာဏ်ပညာသည် ထိုသူ၏မျက်နှာကိုထွန်းလင်းစေ၍ သူ၏တင်းမာသောမျက်နှာကို ပြောင်းလဲစေတတ်၏။
ရောမ 13:5 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အမျက်တော်ကြောင့်သာမဟုတ်ဘဲ အသိစိတ်အတွက်ကြောင့်လည်း နာခံရမည်။ Common Language Bible သို့ဖြစ်၍သင်သည်ဘုရားသခင်အပြစ်ဒဏ် ခတ်တော်မူမည်ကိုကြောက်သောကြောင့်သာ မက မိမိသြတ္တပ္ပစိတ်ကြည်လင်မှုကိုထောက် ၍လည်းအစိုးရမင်း၏အမိန့်အာဏာကို လိုက်နာရမည်။ Garrad Bible ထို သို့ နိုင် ငံ ရေး ကို ကြည့် ရှု လျက် နေ ရ သူ၊ ဘု ရား သ ခင့် အ မှု တော် ဆောင် များ ဖြစ် သော ကြောင့် အ မျက် တော် ဒဏ် အ တွက် သာ မ ဟုတ်၊ သြ တ္တ ပ္ပ စိတ် အ တွက် လည်း အ ခွန် ဆက် ရ သည့် နည်း တူ အ စိုး ရ တို့ အောက် ဝန် ခံ လျက် နေ ကြ ရ မည်။ Judson Bible ထိုကြောင့်၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ်။ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက်၍ ဝန်ခံရမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ပြစ်ဒဏ်ကို ကြောက်သောကြောင့်သာ မဟုတ်ဘဲ မိမိအသိစိတ်ကြောင့်လည်း သူ၏အုပ်ချုပ်မှုကို နာခံရမည်။ |
မည်သူသည် ပညာရှိကဲ့သို့ဖြစ်သနည်း။ မည်သူသည် အမှုအရာ၏အနက်အဓိပ္ပာယ်ကိုသိသနည်း။ လူတစ်ဦး၏ဉာဏ်ပညာသည် ထိုသူ၏မျက်နှာကိုထွန်းလင်းစေ၍ သူ၏တင်းမာသောမျက်နှာကို ပြောင်းလဲစေတတ်၏။
ငါဆိုသည်ကား “ဘုရားသခင်၏ရှေ့တော်၌ကျိန်ဆိုထားသည်ဖြစ်၍ ရှင်ဘုရင်၏အမိန့်ကိုနာခံလော့။
ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။
ဤအကြောင်းကြောင့် အခွန်များကိုလည်း သင်တို့ပေးဆောင်ကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏အမှုကိုထမ်းဆောင်သူများဖြစ်ကြပြီး ထိုအမှုကို အစဉ်တစိုက်ဆောင်ရွက်နေကြ၏။
ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား ငါတို့၌ ကြည်လင်သောအသိစိတ်ရှိကြသည်ဟု ငါတို့ယုံကြည်စိတ်ချလျက် အရာရာ၌ လျောက်ပတ်စွာအသက်ရှင်နေထိုင်ရန်အလိုရှိကြ၏။
အကြောင်းမူကား မည်သူမဆို မတရားသဖြင့် ဒုက္ခဝေဒနာကိုခံစားရသောအခါ ဘုရားသခင်နှင့်ဆိုင်သောအသိစိတ်ကိုထောက်၍ ဝမ်းနည်းခြင်းကိုသည်းခံလျှင် ဂုဏ်ယူဖွယ်ဖြစ်၏။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။