ပညာသတိရှိသောအစေအပါးကို ရှင်ဘုရင်နှစ်သက်တတ်၏။ အရှက်ကွဲစေသောသူအပေါ်၌မူကား အမျက်တော်သက်ရောက်တတ်၏။
ရောမ 13:3 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူများသည် ကောင်းသောအမှုကိုပြုသောသူအတွက် ကြောက်စရာမဟုတ်ဘဲ မကောင်းသောအမှုကိုပြုသောသူအတွက်သာ ကြောက်စရာဖြစ်၏။ သင်သည် အာဏာပိုင်ကိုမကြောက်ဘဲနေလိုလျှင် ကောင်းသောအမှုကိုပြုလော့။ ထိုသို့ပြုလျှင် သူ၏ချီးမွမ်းခြင်းကိုခံရလိမ့်မည်။ Common Language Bible အကျင့်ကောင်းသူသည်အစိုးရမင်းကိုကြောက် နေစရာမလို။ ဆိုးညစ်မှုကိုပြုကျင့်သူသာလျှင် ကြောက်စရာလို၏။ သင်သည်အာဏာရှိသူကို မကြောက်ဘဲနေလိုလျှင်အကျင့်ကောင်းကိုပြု ကျင့်လော့။ သို့ပြုလျှင်သူသည်သင့်ကိုချီးမွမ်း လိမ့်မည်။- Garrad Bible အ ရာ ရှိ တို့ သည် အ ကောင်း ပြု သူ တို့ မ ဟုတ်၊ အ ဆိုး ပြု သူ တို့ ကြောက် ရွံ့ ရန် ဖြစ်၍ အ စိုး ရ ကို ကြောက် ရွံ ခြင်း သင် ကင်း လို လျှင် အ ကောင်း ပြု ကျင့် လော့။ သင့် ကောင်း ကျိုး အ လို့ ငှါ ဘု ရား သ ခင့် အ မှု တော် ဆောင် ဖြစ် သော အ စိုး ရ ချီး မွမ်း လိမ့် မည်။ အ ဆိုး ပြု လျှင် မူ ကား ဘု ရား သ ခင့် အ မှု တော် ဆောင် ဖြစ် သော အ စိုး ရ သည် အ ကြောင်း မဲ့ ဓား မ ဆောင်။ အ ဆိုး ပြု သူ့ အ ပေါ် တွင် အ မျက် တော် ဒဏ် သင့် စေ သူ ဖြစ် သော ကြောင့် ကြောက် ရွံ့ လော့။ Judson Bible မင်းမူကား၊ ကောင်းသောအကျင့်ကိုကျင့်သောသူ ကြောက်ဖို့ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူ ကြောက်ဖို့၏။ မင်းအာဏာကို မကြောက်ဘဲ နေချင်သလော။ ကောင်းသောအကျင့်ကို ကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းသောအကျင့်ကို ကျင့်သောသူများအတွက် အစိုးရမင်းများသည် ကြောက်စရာမဟုတ်။ ဆိုးသောအကျင့်ကို ကျင့်သောသူများအတွက်သာ ကြောက်စရာဖြစ်၏။ အစိုးရမင်းကို မကြောက်ဘဲ နေလိုလျှင် ကောင်းသောအကျင့်ကို ကျင့်လော့။ သို့ပြုလျှင် သူသည် သင့်ကို ချီးမွမ်းလိမ့်မည်။ |
ပညာသတိရှိသောအစေအပါးကို ရှင်ဘုရင်နှစ်သက်တတ်၏။ အရှက်ကွဲစေသောသူအပေါ်၌မူကား အမျက်တော်သက်ရောက်တတ်၏။
ရှင်ဘုရင်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ့ကိုအမျက်ထွက်စေသောသူသည် မိမိအသက်ကိုဆုံးရှုံးရတတ်၏။
ထို့ကြောင့် အာဏာပိုင်ကိုဆန့်ကျင်သောသူသည် ဘုရားသခင်၏ပြဋ္ဌာန်းတော်မူချက်ကို ဆန့်ကျင်ရာရောက်၏။ ထိုသို့ဆန့်ကျင်သောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ကိုယ်တိုင်ခံရကြလိမ့်မည်။
အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။
လူနှစ်ယောက် ခိုက်ရန်ဖြစ်ပွားကြလျှင် တရားရုံးသို့သွားရမည်။ တရားသူကြီးသည် ဖြောင့်မတ်သောသူကို အပြစ်မရှိဟုစီရင်ရမည်။ ဆိုးယုတ်သောသူကို အပြစ်ရှိသည်ဟုစီရင်ရမည်။