အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 11:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ဘုရားသခင်​၏​ဆု​ကျေးဇူး​များ​နှင့်​ခေါ်ယူ​တော်မူ​ခြင်း​သည် ပြောင်းလဲ​ခြင်း​မ​ရှိ။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​မည်​သူ့​ကို​မ​ဆို​ရွေး​ကောက်​၍ ကောင်း​ချီး​ပေး​တော်​မူ​ရန်​ဆုံး​ဖြတ်​တော်​မူ ပြီး​နောက်​စိတ်​သ​ဘော​ပြောင်း​လဲ​တော်​မ​မူ တတ်။-

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ခြင်း၊ ခေါ်​ထား​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​မ​ရှိ၊-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ပေးသနားတော်မူသော ဆုကျေးဇူးများ​နှင့် ခေါ်ယူခြင်းတို့​ကို ပြန်၍​ရုပ်သိမ်း​တော်မမူတတ်​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။



ရော​မ 11:29
16 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သူ​တို့​ကို မရဏာနိုင်ငံ​မှ ကယ်နုတ်​မည်​။ သေမင်း​လက်​မှ ရွေးနုတ်​မည်​။ အို သေမင်း​၊ သင်​၏​ဘေး​ကား အဘယ်မှာ​နည်း​။ အို မရဏာနိုင်ငံ​၊ သင်​၏​အဆိပ်ဆူး​ကား အဘယ်မှာ​နည်း​။ သင့်​ကို ငါ​မသနား​မကြင်နာ​တော့​ပြီ​။”


“အကယ်စင်စစ် ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ပြောင်းလဲ​ခြင်း မ​ရှိ​။ ထို့ကြောင့် ယာကုပ်​သားမြေး​တို့​၊ သင်​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ရ​ကြ​။


လိမ်လည်​ပြောဆို​ရ​အောင် ဘုရားသခင်​သည် လူ​ဖြစ်​သည်​မ​ဟုတ်​။ စိတ်ပြောင်းလဲ​ရ​အောင် လူသား​ဖြစ်​သည်​မ​ဟုတ်​။ ကိုယ်တော်​သည် မိန့်​တော်မူ​ပြီးမှ မ​ပြု​ဘဲ​နေ​တော်မူ​မည်လော​။ ကတိထား​တော်မူ​ပြီးမှ မ​တည်​ဘဲ​နေ​တော်မူ​မည်လော​။


သင်​တို့​သည် တစ်ချိန်က ဘုရားသခင်​ကို​မ​နာခံ​ခဲ့​ကြ​သော်လည်း ယခု​အခါ ထို​သူ​တို့​၏​မ​နာခံ​မှု​ကြောင့် ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​သကဲ့သို့


ဘုရားသခင်​ကို​ချစ်​သော​သူ​များ​တည်းဟူသော အကြံအစည်​တော်​အတိုင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​များ​အတွက် ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပူးပေါင်း​လုပ်ဆောင်​စေ​၍ ကောင်းကျိုး​ဖြစ်​စေ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။


ထိုသို့​ကြိုတင်​သတ်မှတ်​ထား​တော်မူ​သော​သူ​တို့​ကို ဘုရားသခင်​သည် ခေါ်ယူ​တော်မူ​ပြီး ခေါ်ယူ​တော်မူ​သော​သူ​တို့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။


ညီအစ်ကို​တို့၊ သင်​တို့​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​စဉ်​က​အကြောင်း​ကို ဆင်ခြင်​ကြ​လော့။ လူ့​အမြင်​အရ သင်တို့​တွင် ပညာရှိ​များစွာ​မ​ပါ။ အစွမ်းထက်​သော​သူ​များစွာ​မ​ပါ။ မြင့်မြတ်​သော​သူ​များစွာ​မ​ပါ။


ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​မျက်စိ​ကို ပွင့်လင်း​စေ​၍ ခေါ်ယူ​တော်မူ​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ခံရ​မည့်​အမွေ​တော်​သည် ဘုန်း​အသရေ​နှင့် မည်မျှ​ကြွယ်ဝ​သည်​ကို​လည်းကောင်း၊


ထို့ကြောင့် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သင်တို့​သည် ထို​ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သခင်​ဘုရား​အတွက် အကျဉ်းသား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ပါ​၏။


သင်​တို့​ကို​ခေါ်ယူ​တော်မူ​သောအခါ တစ်ပါးတည်း​သော​မျှော်လင့်​ခြင်း​သို့ ခေါ်ယူ​တော်မူ​သကဲ့သို့ ကိုယ်ခန္ဓာ​တစ်ပါးတည်း၊ ဝိညာဉ်​တော်​တစ်ပါးတည်း​ရှိ​၏။


ခရစ်တော်​ယေရှု​အားဖြင့် အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ယူ​၍ ပေး​တော်မူ​မည့်​ဆု​ကို​ရရှိ​ရန် ပန်းတိုင်​သို့​ကြိုးစား​၍​ပြေး​၏။


ထို့ကြောင့် ငါ​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​သော​သူ​များ​ဖြစ်စေ​၍ ကောင်းမြတ်​သော​အမှု​ကို​ပြုလို​သော​စေတနာ​စိတ်​ရှိသမျှ​နှင့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု​တို့​ကို တန်ခိုး​တော်​အားဖြင့် သင်​တို့​၌​ပြည့်စုံ​စေ​တော်မူ​မည့်​အကြောင်း သင်​တို့​အတွက် ငါ​တို့​အစဉ်အမြဲ​ဆုတောင်း​ကြ​၏။


ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၍ သန့်ရှင်း​သော​ခေါ်ယူ​ခြင်း​ဖြင့် ငါ​တို့​ကို​ခေါ်ယူ​တော်မူ​သည်​မှာ ငါ​တို့​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​၏​အကြံအစည်​တော်​ကြောင့်​ဖြစ်​ပြီး ရှေး​ကာလ​များ​မတိုင်မီ​က​ပင် ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား​ပေး​တော်မူ​သော​ကျေးဇူး​တော်​ကြောင့်​ဖြစ်​၏။


သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။


ကိုယ်တော်​မူကား “ ‘သင်​သည် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏’​ဟု ထာဝရ​ဘုရား​တိုင်တည်​၍​မိန့်​တော်မူ​သည်​ဖြစ်​သောကြောင့် စိတ်​တော်​ပြောင်းလဲ​မည်​မ​ဟုတ်”​ဟူ၍ ကတိ​သစ္စာ​ပြု​လျက် ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​အားဖြင့် ယဇ်ပုရောဟိတ်​ဖြစ်လာ​၏။


ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ခံရ​သော ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ရွေးကောက်​တော်မူ​ခြင်း​ကို တည်မြဲ​စေရန် သာ၍​ကြိုးစား​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​နေ​သရွေ့ သင်​တို့​သည် မည်သည့်​အခါ​မျှ မှားယွင်း​ကြ​မည်​မ​ဟုတ်။