သင်တို့မသိကြသလော။ သင်တို့မကြားဖူးကြသလော။ အစအဦးကတည်းက သင်တို့ကိုမပြောပြခဲ့ကြသလော။ မြေကြီးစတည်ကတည်းက သင်တို့နားမလည်ခဲ့ကြသလော။
ရောမ 1:19 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာတို့ကို သူတို့အားထင်ရှားစေတော်မူပြီဖြစ်၍ ထိုအရာတို့သည် သူတို့၌ ထင်ရှားလျက်ရှိ၏။ Common Language Bible ထိုသူတို့အားဘုရားသခင်ကိုယ်တော်တိုင် ရှင်းလင်းစွာဖော်ပြတော်မူသဖြင့် ကိုယ်တော် ၏အကြောင်းနှင့်ပတ်သက်၍သိနိုင်ခွင့်ရှိသမျှ သောအကြောင်းအရာတို့ကိုရှင်းလင်းစွာသိရ ကြ၏။ ဤအကြောင်းကြောင့်ဘုရားသခင် သည်သူတို့အားဒဏ်ခတ်တော်မူခြင်းဖြစ်၏။- Judson Bible အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မိမိအကြောင်း သိသင့်သိထိုက်သမျှတို့ကို ဖွင့်ပြထားတော်မူပြီးဖြစ်သောကြောင့် ထိုအကြောင်းကို သူတို့သိကြ၏။ |
သင်တို့မသိကြသလော။ သင်တို့မကြားဖူးကြသလော။ အစအဦးကတည်းက သင်တို့ကိုမပြောပြခဲ့ကြသလော။ မြေကြီးစတည်ကတည်းက သင်တို့နားမလည်ခဲ့ကြသလော။
အထက်သို့ မျှော်ကြည့်ကြလော့။ ကောင်းကင်တန်ဆာများကို မည်သူဖန်ဆင်းသနည်း။ ထိုတန်ဆာအလုံးအရင်းကို အရေအတွက်အလိုက် ပေါ်ထွက်စေသောသူ၊ အလုံးစုံကို အမည်ဖြင့်မှည့်ခေါ်သောသူပင်တည်း။ တန်ခိုး၊ ခွန်အားကြီးမားတော်မူသောကြောင့် ကြွင်းကျန်ခဲ့သောအရာတစ်စုံတစ်ခုမျှမရှိ။
စစ်မှန်သောအလင်းသည် ဤလောကသို့ကြွလာ၍ လူအပေါင်းတို့အား အလင်းကိုပေးသောအရှင်ဖြစ်၏။
တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ ဘုရားသခင်၏မမြင်ရသောဂုဏ်အင်္ဂါများတည်းဟူသော ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ။
ပညတ်တရားမရှိသောလူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို အလိုအလျောက်လိုက်နာကျင့်သုံးကြသောအခါ သူတို့၌ပညတ်တရားမရှိသော်လည်း သူတို့ကိုယ်တိုင်သည် မိမိတို့အတွက် ပညတ်တရားဖြစ်ကြပြီး