အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရု​သ 4:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရွေးနုတ်​ခွင့်​ရှိ​သူ​က​လည်း “​ကျွန်ုပ်​ပိုင်​သော​အမွေမြေ​အတွက် အန္တရာယ်​ဖြစ်​မည်​ကို စိုး​သောကြောင့် ကျွန်ုပ်​မ​ရွေးနုတ်​တော့​ပါ​။ ကျွန်ုပ်​မ​ရွေးနုတ်​နိုင်​သောကြောင့် သင်​သာ ရွေးနုတ်​ပါ​”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​က``ထို​သို့​ဖြစ်​ပါ​မူ​ငါ့​သား​သ​မီး များ​က ထို​လယ်​မြေ​ကို​အ​မွေ​ခံ​ရ​ကြ​လိမ့် မည်​မ​ဟုတ်​သ​ဖြင့် ဝယ်​ယူ​ပိုင်​ခွင့်​ကို​ငါ​စွန့် လွှတ်​လိုက်​ပါ​ပြီ။ ငါ​မ​ဝယ်​ယူ​လို​တော့​ပါ။ သင်​ပင်​ဝယ်​ယူ​ပါ​လော့'' ဟု​ပြန်​ပြော​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ သည် ကိုယ့် အ မွေ စု ပျက် မည့် စိုး သော ကြောင့် မ ရွေး နိုင် ချေ။ သို့ ဖြစ်၍ ငါ ရွေး ပိုင် ထိုက် ခွင့် ကို သင့် ကိုယ် တိုင် ယူ ပါ တော့ ဟု ဆို၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​သည် ကိုယ်​အ​ဖို့​မ​ရွေး​နိုင်​ပါ။ ရွေး​လျှင် ကိုယ်​အ​မွေ​ဥ​စ္စာ​ကို​ဖျက်​မည် စိုး​ရိမ်​စ​ရာ​ရှိ၏။ ကျွန်ုပ်​မ​ရွေး​နိုင်​သော​ကြောင့်၊ ကျွန်ုပ်​ရွေး​ပိုင်​သော​အ​ရာ​ကို ကိုယ်​အ​ဖို့​ရွေး​ပါ​တော့​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။



ရု​သ 4:6
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယုဒ​က ဩနန်​အား “​သင့်​အစ်ကို​၏​မယား​ထံသို့​ဝင်​လော့​။ မတ်​တစ်​ယောက်​၏​တာဝန်​ကို​ဖြည့်ဆည်း​၍ သင့်​အစ်ကို​၏​မျိုးဆက်​ကို​ဖြစ်ထွန်း​စေ​လော့​”​ဟု ဆို​လေ​၏​။


သင်​၏​အမျိုးသားချင်း​တစ်ဦး​သည် ဆင်းရဲ​သွား​၍ သူ့​လက်ဝယ်ရှိမြေ​အချို့​ကို ရောင်း​လျှင် ရွေးနုတ်​ခွင့်​ရှိ​သော သူ​၏​ဆွေမျိုးသားချင်း​သည်​လာ​၍ သူ​ရောင်း​သော​မြေ​ကို ရွေးနုတ်​ရ​မည်​။


ထို​ယောက်ျား​သည် မရီး​ကို​မ​ယူ​လို​လျှင် မရီး​သည် သက်ကြီးဝါကြီး​တို့​ရှိ​ရာ မြို့​တံခါး​သို့​သွား​၍ ‘​ကျွန်မ​၏​မတ်​သည် အစ္စရေး​လူမျိုး​ထဲ၌ သူ့​အစ်ကို​၏​အမည်​ဆက်ရှိ​နေ​စေ​ရ​မည်​ကို သူ​မပြုလို​ပါ​။ သူ​သည် ကျွန်မ​အပေါ်​၌ မတ်​တစ်​ယောက်​၏​တာဝန်​ကို​မ​ယူ​လို​ပါ​’​ဟု ပြောကြား​ရ​မည်​။


မြို့​၏​သက်ကြီးဝါကြီး​တို့​သည် သူ့​ကို​ခေါ်​ပြော​ရ​မည်​။ သူ​က​‘​အကျွန်ုပ်​သည် ဤ​မိန်းမ​ကို​မ​ယူ​လို​ပါ​’​ဟု အခိုင်အမာ​ဆို​လျှင်


သူ​၏​မရီး​သည် သူ့​ထံသို့ သွား​၍ သက်ကြီးဝါကြီး​တို့​ရှေ့​၌ သူ့​ခြေ​မှ ဖိနပ်​ကို​ချွတ်ယူ​ပြီး သူ​၏​မျက်နှာ​ကို တံတွေးထွေး​ကာ ‘​ကိုယ့်​အစ်ကို​၏​အိမ်​ကို​မ​တည်ဆောက်​သော​သူ​အား ဤသို့​ပြု​ရ​သည်​’​ဟု ပြော​ရ​မည်​။


ထိုအခါ နောမိ​က သူ့​ချွေးမ​အား “​အသက်ရှင်​သော​သူ​၊ သေ​သော​သူ​တို့​ကို မေတ္တာကရုဏာ​အစဉ်​ထား​တော်မူ​သော ထာဝရဘုရား​သည် သူ့​ကို ကောင်းချီးပေး​ပါစေသော​။ သူ​သည် ငါ​တို့​နှင့် ဆွေးမျိုးနီးစပ်​သူ​၊ ငါ​တို့​ကို ရွေးနုတ်​ခွင့်​ရှိ​သူ ဖြစ်​၏​”​ဟု ဆို​၏​။


ဤ​ည​တွင် အိပ်​ဦး​လော့​။ နံနက်​ရောက်​မှ ထို​သူ​သည် သင့်​ကို ရွေးနုတ်​မည်​ဆိုလျှင် ရွေးနုတ်​ပါစေ​။ ကောင်း​ပါ​၏​။ အကယ်၍ သူ​မ​ရွေးနုတ်​လျှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို ငါ​ရွေးနုတ်​မည်​။ ယခုမူ နံနက်​တိုင်အောင် အိပ်​ဦး​လော့​”​ဟု ဆို​၏​။


ထို့ကြောင့် ဗောဇ​က “​သင် မည်သူ​နည်း​”​ဟု မေး​ရာ ရုသ​က “​အကျွန်ုပ်​သည် သခင့်​ကျွန်မ ရုသ ဖြစ်​ပါ​၏​။ သခင်​သည် အကျွန်ုပ်​ကို ရွေးနုတ်​ခွင့်​ရှိ​သူ​ဖြစ်​သောကြောင့် သခင်​၏​ဝတ်လုံစွန်း​ဖြင့် သခင့်​ကျွန်မ​ကို လွှမ်းခြုံ​ပေး​ပါ​တော့​”​ဟု ဆို​၏​။