ထို့နောက် သူသည် အာဟပ်မင်းကြီးအမည်ဖြင့် စာရေးပြီး ရှင်ဘုရင်တံဆိပ်တော်ခတ်နှိပ်ကာ နာဗုတ်နေထိုင်ရာမြို့ရှိ သက်ကြီးဝါကြီးများ၊ မှူးမတ်များထံသို့ ထိုစာကို ပေးပို့လိုက်၏။
ရုသ 4:2 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မြို့၏သက်ကြီးဝါကြီးဆယ်ယောက်ကိုလည်း ခေါ်၍ “ထိုင်ကြပါဦး”ဟု ဆိုလျှင် သူတို့လည်း ထိုင်ကြ၏။ Common Language Bible ထိုနောက်ဗောဇသည်အကြီးအကဲတစ်ကျိပ် ကိုလည်းပင့်ဖိတ်ပြီးလျှင် ထိုအရပ်တွင်ထိုင် စေ၏။ သူတို့ထိုင်ကြသောအခါ၊- Garrad Bible ထို နောက် မြို့ လူ ကြီး တစ် ကျိပ် ကို လည်း ခေါ် လျက် ထိုင် ကြ ပါ ဦး ဟု ဆို သည် နှင့် အ ညီ Judson Bible တစ်ဖန် မြို့သားအသက်ကြီးသူ တစ်ကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည်အတိုင်း သူတို့သည်လည်း ထိုင်ကြ၏။ |
ထို့နောက် သူသည် အာဟပ်မင်းကြီးအမည်ဖြင့် စာရေးပြီး ရှင်ဘုရင်တံဆိပ်တော်ခတ်နှိပ်ကာ နာဗုတ်နေထိုင်ရာမြို့ရှိ သက်ကြီးဝါကြီးများ၊ မှူးမတ်များထံသို့ ထိုစာကို ပေးပို့လိုက်၏။
သခင်သည် ထိုကျွန်မကို မိမိအတွက်ရွေးချယ်ပြီးမှ မနှစ်မြို့လျှင် ကျွန်မအား သူ့ကိုယ်သူ ပြန်ရွေးခွင့်ပေးရမည်။ သခင်သည် သူ့အပေါ် သစ္စာမဲ့သည်ဖြစ်၍ တစ်ပါးအမျိုးသားအား ရောင်းခွင့်မရှိ။
သူ၏ခင်ပွန်းသည် အရပ်လူကြီးတို့နှင့်အတူ မြို့တံခါး၌ထိုင်လေ့ရှိ၍ လူသိများသောသူဖြစ်၏။
မြို့တံခါးတို့၌ သက်ကြီးဝါကြီးတို့ မရှိကြတော့ပြီ။ လူပျိုတို့၏တီးမှုတ်သံလည်း ဆိတ်သုဉ်းသွားပြီ။
ထို့ပြင် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများနှင့် လူထုများကို လှုံ့ဆော်၍ သူ့ကိုဝင်ရောက်ဖမ်းဆီးကာ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
ထိုယောက်ျားသည် မရီးကိုမယူလိုလျှင် မရီးသည် သက်ကြီးဝါကြီးတို့ရှိရာ မြို့တံခါးသို့သွား၍ ‘ကျွန်မ၏မတ်သည် အစ္စရေးလူမျိုးထဲ၌ သူ့အစ်ကို၏အမည်ဆက်ရှိနေစေရမည်ကို သူမပြုလိုပါ။ သူသည် ကျွန်မအပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုမယူလိုပါ’ဟု ပြောကြားရမည်။
ယနေ့ သင်တို့အားလုံးသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် သင်တို့မျိုးနွယ်များ၏အကြီးအမှူးများ၊ သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ အစ္စရေးအမျိုးသားအားလုံးမှစ၍
ဤစကားများကို သူတို့ကြားအောင် ငါပြောကြားနိုင်မည့်အကြောင်း၊ ကောင်းကင်နှင့်မြေကြီးကိုတိုင်တည်ပြီး သူတို့ကိုဆန့်ကျင်သည့်သက်သေကိုထူနိုင်မည့်အကြောင်း သင်တို့မျိုးနွယ်များ၏သက်ကြီးဝါကြီးများ၊ သင်တို့၏ကြီးကြပ်အုပ်ချုပ်သူများ အားလုံးကို ငါ့ထံ၌ စုရုံးစေလော့။