ရုသ 4:17 - မြန်မာ့စံမီသမ္မာကျမ်း အိမ်နီးချင်းတို့ကလည်း “နောမိ၌ သားတစ်ယောက်ရပြီ”ဟု ဆိုလျက် ထိုသူငယ်ကို ဩဗက်ဟု မှည့်ခေါ်၏။ ဩဗက်သည် ဒါဝိဒ်၏အဖိုး၊ ယေရှဲ၏ဖခင် ဖြစ်သတည်း။ Common Language Bible အိမ်နီးချင်းအမျိုးသမီးများက ထိုသူ ငယ်ကိုသြဗက်ဟူသောနာမည်ကိုပေးကြ လျက်``နောမိသည်သားယောကျာ်းကလေး ကိုရရှိလေပြီ'' ဟုလူအပေါင်းတို့အား ပြောကြားကြ၏။ သြဗက်သည် ဒါဝိဒ်၏ အဖဖြစ်သူယေရှဲ၏ဖခင်ဖြစ်လာလေ သည်။ Garrad Bible နော မိ သည် သား ယောက်ျား ကို ရ လေ ပြီ ဟု အိမ် နီး ချင်း မိန်း မ တို့ ဆို လျက် သြ ဗက် အ မည် ဖြင့် မှည့် ကြ လေ၏။ သြ ဗက် သား ကား၊ ယေ ရှဲ၊ ယေ ရှဲ သား ကား ဒါ ဝိဒ် မင်း ဖြစ် သ တည်း။ Judson Bible အိမ်နီးချင်း မိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟု ဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သားကား ယေရှဲ။ ယေရှဲသားကားဒါဝိဒ်တည်း။ |
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ဒါဝိဒ်သည် ယုဒပြည်၊ ဗက်လင်မြို့မှ ယေရှဲအမည်ရှိ ဧဖရတ်အမျိုးသားတစ်ဦး၏သား ဖြစ်၏။ ယေရှဲ၌ သားရှစ်ယောက်ရှိ၏။ သူသည် ရှောလုမင်းကြီးလက်ထက်တွင် အသက်ကြီး၍အိုမင်းလေပြီ။