ရုသ 4:17 - Common Language Bible17 အိမ်နီးချင်းအမျိုးသမီးများက ထိုသူ ငယ်ကိုသြဗက်ဟူသောနာမည်ကိုပေးကြ လျက်``နောမိသည်သားယောကျာ်းကလေး ကိုရရှိလေပြီ'' ဟုလူအပေါင်းတို့အား ပြောကြားကြ၏။ သြဗက်သည် ဒါဝိဒ်၏ အဖဖြစ်သူယေရှဲ၏ဖခင်ဖြစ်လာလေ သည်။ အခန်းကိုကြည့်ပါ။Garrad Bible17 နော မိ သည် သား ယောက်ျား ကို ရ လေ ပြီ ဟု အိမ် နီး ချင်း မိန်း မ တို့ ဆို လျက် သြ ဗက် အ မည် ဖြင့် မှည့် ကြ လေ၏။ သြ ဗက် သား ကား၊ ယေ ရှဲ၊ ယေ ရှဲ သား ကား ဒါ ဝိဒ် မင်း ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible17 အိမ်နီးချင်း မိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟု ဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သားကား ယေရှဲ။ ယေရှဲသားကားဒါဝိဒ်တည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 အိမ်နီးချင်းတို့ကလည်း “နောမိ၌ သားတစ်ယောက်ရပြီ”ဟု ဆိုလျက် ထိုသူငယ်ကို ဩဗက်ဟု မှည့်ခေါ်၏။ ဩဗက်သည် ဒါဝိဒ်၏အဖိုး၊ ယေရှဲ၏ဖခင် ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။