စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။
ရုသ 2:2 - မြန်မာ့စံမီသမ္မာကျမ်း မောဘအမျိုးသမီးရုသက နောမိအား “လယ်ထဲသို့ အကျွန်ုပ်သွားပါရစေ။ ခွင့်ပြုသူရှိလျှင် ကောက်ရိတ်သမားတို့နောက်မှ ကောက်သင်းကောက်ပါရစေ”ဟု ဆိုလျှင် နောမိက “ငါ့သမီး၊ သွားပါ”ဟု ဆို၏။ Common Language Bible ရုသကနောမိအား``ကောက်ရိတ်သူတို့ချန် ထားခဲ့သည့်ကောက်သင်းကိုကောက်ရန် ကျွန်မ အားလယ်ကွင်းများသို့သွားခွင့်ပြုပါ။ ကျွန် မသည်ဤသို့ကောက်ခွင့်ပြုမည့်တစ်စုံတစ် ယောက်ကိုတွေ့ပါလိမ့်မည်'' ဟုဆိုလျှင်၊ နောမိကလည်း``ငါ့သမီး၊ သွားလေတော့'' ဟုပြန်ပြော၏။ Garrad Bible ထို အ ခါ မော ဘ ပြည် သူ ရု သ က၊ မု ယော ခင်း အ တွင်း သွား၍ စိတ် နှင့် တွေ့ သူ့ နောက် က ကောက် သင်း ကောက် ပါ ရ စေ ဟု နော မိ ထံ အ ခွင့် ပန် လျှင် ငါ့ သ မီး၊ သွား လေ လော့ ဟု အ ခွင့် ရ သည့် အ တိုင်း၊ Judson Bible မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာ စပါးကျန်ကို ကောက်ပါရစေဟု နောမိ၌အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟု ဆို၏။ |
စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။
သင်၏စပျစ်ခြံတွင် ကောက်သင်းမကောက်ရ။ သင့်စပျစ်ခြံမှ ကြွေကျသောစပျစ်သီးကိုလည်း မကောက်ရ။ ဆင်းရဲသားနှင့်တိုင်းတစ်ပါးသားတို့အတွက် ချန်ထားရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။
သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။ ၎င်းတို့ကို ဆင်းရဲသားနှင့် တိုင်းတစ်ပါးသားတို့အတွက် ထားခဲ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ရုသလည်း လယ်ထဲသို့ ထွက်သွား၍ ကောက်ရိတ်သမားတို့နောက်မှလိုက်ပြီး ကောက်သင်းကောက်ရာ တိုက်တိုက်ဆိုင်ဆိုင် ထိုလယ်ကွက်သည် ဧလိမလက်မျိုးနွယ်စုဝင် ဗောဇပိုင်သောလယ်ကွက်ဖြစ်နေ၏။
သူက ‘အကျွန်ုပ် ကောက်သင်းကောက်ပါရစေ၊ ကောက်ရိတ်သမားတို့နောက်မှ ကျန်ခဲ့သောသီးနှံကို ကောက်သိမ်းပါရစေ’ဟု လာ၍ခွင့်တောင်းပြီး မနက်ကတည်းက ယခုချိန်ထိ ကောက်သင်းကောက်ပါ၏။ ယခုမှသာ တဲတွင် ခဏနားနေပါသည်”ဟု ပြန်ပြောပြ၏။
ထိုအခါ ဟန္နက “သခင့်ကျွန်မသည် သခင့်ရှေ့၌မျက်နှာရပါစေသော”ဟု ဆိုပြီး သူသည် ထွက်သွား၍ စားသောက်လေ၏။ သူ၏မျက်နှာသည်လည်း ယခင်ကကဲ့သို့ မညှိုးတော့ပေ။