အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ရုသ 1:20 - မြန်မာ့စံမီသမ္မာကျမ်း နောမိကလည်း “အကျွန်ုပ်ကို နောမိဟု မခေါ်ပါနှင့်။ မာရဟု ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် အကျွန်ုပ်အား ခါးသီးစွာခံစားရစေတော်မူပြီ။ Common Language Bible နောမိကလည်း ``ငါ့ကို နောမိ'' ဟုသင်တို့ မခေါ်ကြပါနှင့်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါ့အားခါးသီးစွာပြုတော်မူ ပြီဖြစ်၍ငါ့ကို`မာရ' ဟုခေါ်ကြပါလော့။- Garrad Bible သူ က၊ နော မိ ဟူ၍ မ ခေါ် ပါ လင့်။ မာ ရ ဟု ခေါ် ကြ ပါ။ အ နန္တ တန် ခိုး ရှင် သည် ကျွန် မ၌ အ လွန် နစ် နာ လှ အောင် ပြု တော် မူ ပါ ၏။ Judson Bible သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်တို့ကို သနားစုံမက်တော်မူ၍ ထိုသူသည် သင်တို့၏ညီအစ်ကိုရှိမောင်နှင့်ဗင်္ယာမိန်ကို သင်တို့နှင့်အတူပြန်လွှတ်ပေးပါစေသော။ ငါသည် သားများကိုဆုံးရှုံးလျှင်လည်း ဆုံးရှုံးရပါတော့မည်”ဟု ဆိုလေ၏။
သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။
ကြည့်ရှုလော့။ ဘုရားသခင်၏ဆုံးမခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဆုံးမတော်မူသည်ကို မထီမဲ့မြင်မပြုပါနှင့်။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ငါ့အား အသက်ရှူခွင့်ကိုပင်မပေးဘဲ ခါးသီးမှုများနှင့် ပြည့်စေတော်မူခဲ့ပြီ။
ငါသည် ထိပါးနှောင့်ယှက်ခြင်းကို တစ်နေ့လုံးခံရ၏။ ဆိုဆုံးမခြင်းကိုလည်း နံနက်တိုင်းခံရ၏။
အကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ အဖိနှိပ်ခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများနှင့်ကြုံရ၍ စိတ်ပျက်အားငယ်ရပါ၏။
မာရအရပ်သို့ရောက်သောအခါ မာရအရပ်မှရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထို့ကြောင့် ထိုအရပ်၏အမည်ကို မာရ ဟုခေါ်၏။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထင်ရှားပြခဲ့သော်လည်း ထာဝရဘုရားဟူသောငါ၏နာမကို သူတို့မသိခဲ့ကြပေ။
ငါ့အရိုးရှိသမျှတို့ကို ခြင်္သေ့ကဲ့သို့ချိုးတော်မူသည်ဖြစ်၍ နံနက်တိုင်အောင် ငါအော်ဟစ်ရပြီ။ ကိုယ်တော်သည် နေ့ချင်းညချင်း ငါ့ကိုအဆုံးသတ်တော်မူပြီ။
ဆုံးမပဲ့ပြင်ခြင်းဟူသမျှသည် ခံရစဉ်တွင် ဝမ်းမြောက်စရာမဟုတ်ဘဲ ဝမ်းနည်းစရာဖြစ်သည်ဟု ထင်ရတတ်၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းအားဖြင့် လေ့ကျင့်ပေးခြင်းခံရသောသူတို့သည် နောက်မှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ငြိမ်းချမ်းသောအကျိုးကျေးဇူးကို ပြန်လည်ခံစားရကြ၏။
ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုမြို့၌ ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်တော်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်၏။