ယေရမိ 9:20 - မြန်မာ့စံမီသမ္မာကျမ်း အို မိန်းမတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို နားစွင့်ကြလော့။ သင်တို့၏သမီးပျိုတို့အား မြည်တမ်းခြင်းကို သင်ကြားပေးကြလော့။ မိန်းမအချင်းချင်း ငိုချင်းကို သင်ကြားပေးကြလော့။ Common Language Bible ငါက၊ ``အမျိုးသမီးတို့၊ထာဝရဘုရားမိန့်တော်မူ သည်ကို နားထောင်ကြလော့။ ကိုယ်တော်ရှင်၏စကားတော်တို့ကို အာရုံစိုက်၍နာယူကြလော့။ သင်တို့၏သမီးများအားငိုကြွေးတတ်ရန် လည်းကောင်း၊ သင်တို့၏မိတ်ဆွေများအားမသာသီချင်းကို သီဆိုတတ်ရန်လည်းကောင်းသင်ကြားပေး ကြလော့။ Garrad Bible အို မိန်း မ တို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် မု က္ခ ပတ် တော် ကို နား ထောင် နာ ခံ လျက်၊ သ မီး တို့ အား မြည် တမ်း မှု ကို လည်း ကောင်း၊ အ ပေါင်း အ ဖော် တို့ အား ငို ချင်း ဖွဲ့ ဆို မှု ကိုလည်း ကောင်း၊ သွန် သင် ကြ လော့။ Judson Bible အိုမိန်းမတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်၍၊ နှုတ်တော်ထွက်ကို နာယူကြလော့။ သင်တို့၏သမီးတို့အား ငိုကြွေးခြင်းကိုလည်းကောင်း၊ အသီးအသီး အပေါင်းအဖော်တို့အား မြည်တမ်းခြင်းကိုလည်းကောင်း သွန်သင်ကြလော့။ |
တစ်ဖန် ထာဝရဘုရားက “ဇိအုန်သမီးတို့သည် ဘဝင်မြင့်ကြ၏။ လည်ကိုဆန့်လျက်၊ မျက်လုံးကစားလျက်၊ သူတို့၏ခြေချင်းမြည်အောင် ဖွဖွရွရွလမ်းလျှောက်တတ်ကြသောကြောင့်
ငါသည် သူငယ်တို့ကို သူတို့၏အကြီးအကဲများဖြစ်စေမည်။ ကလေးငယ်တို့သည် သူတို့ကို အုပ်စိုးကြလိမ့်မည်။
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့ဖြစ်၍ ထာဝရဘုရား၏အမျက်ဒေါသသည် အကျွန်ုပ်ထဲ၌ပြည့်၍ မထမ်းနိုင်လောက်အောင် ပင်ပန်းလှ၏။ “ထိုအမျက်ဒေါသကို လမ်းပေါ်ရှိ ကလေးသူငယ်များနှင့်တကွ လူငယ်အစုအဝေးတို့အပေါ် သွန်ချလော့။ လင်မယား၊ သက်ကြီးရွယ်အိုတို့သည်လည်း ဖမ်းဆီးခြင်းခံရလိမ့်မည်။
သင်တို့၏ဆံပင်ကိုရိတ်၍ လွှင့်ပစ်လော့။ တောင်ကတုံးများပေါ်၌ မြည်တမ်းခြင်းပြုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် အမျက်တော်ခံထိုက်သောမျိုးဆက်ကို ပယ်တော်မူပြီ၊ စွန့်ပစ်တော်မူပြီ’ဟူ၍ ပြောကြားရမည်”ဟု မိန့်တော်မူ၏။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤအမှုအရာကို နားလည်နိုင်အောင် မည်သူပညာရှိသနည်း။ ဤအမှုအရာကို ပြောကြားနိုင်အောင် ထာဝရဘုရားသည် မည်သူ့အား ဖော်ပြတော်မူသနည်း။ ပြည်သည် ဖြတ်သန်းသွားလာသူမရှိသောတောကန္တာရကဲ့သို့ အဘယ်ကြောင့် ပျက်စီး၍ ဆိတ်ညံရသနည်း။
ညဥ့်ဦးယံ၌ ထ၍အော်ဟစ်လော့။ ရေကိုသွန်ချသကဲ့သို့ သင့်စိတ်နှလုံးကို ဘုရားရှင်၏ရှေ့တော်၌ ဖွင့်ချလော့။ သင့်ကလေးသူငယ်များ၏အသက်အတွက် ကိုယ်တော့်ထံတော်သို့ သင်၏လက်ကို မြှောက်လော့။ သူတို့သည် ငတ်မွတ်၍ လမ်းဆုံလမ်းခွတိုင်း၌ လဲကျကြလေပြီ။
လူကြီးလူငယ်တို့သည် လမ်းမပေါ် ဖုန်တောထဲ၌ လဲနေလေပြီ။ အပျိုလူပျိုတို့သည်လည်း ဓားဖြင့် လဲကျသေဆုံးကြလေပြီ။ အမျက်ထွက်တော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကွပ်မျက်တော်မူပြီ၊ မညှာမတာသတ်ဖြတ်တော်မူပြီ။