သင်တို့ဘိုးဘေးတို့အား ငါအပိုင်ပေးသော ဤပြည်၊ ဤအရပ်၌ သင်တို့ကို နေထိုင်စေမည်”ဟု မိန့်တော်မူ၏။
ဤသို့ပြုပြင်ပြောင်းလဲပါမူငါသည်သင် တို့ဘိုးဘေးများအား အပိုင်ပေးအပ်ခဲ့ သည့်ပြည်တော်တွင်သင်တို့ကိုဆက်လက် ၍ထာဝရနေထိုင်ခွင့်ပြုတော်မူမည်။
ရှေး ကာ လ က စ၍ အ စဉ် မ ပြတ်၊ သင် တို့ ဘိုး ဘေး များ အား၊ ငါ ပေး ခဲ့ သော ဤ ပြည်၊ ဤ ဒေ သ၌ ပင်၊ သင် တို့ အား လည်း၊ နေ မြဲ နေ ခွင့် ပေး ဦး မည်။
သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ်ပေးသောပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။
မောရှေအားဖြင့် သူတို့အား ငါမိန့်မှာထားသမျှသော ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းလျှင် သင်တို့၏ဘိုးဘေးတို့အား ငါပေးထားသောပြည်တော်မှ အစ္စရေးလူမျိုးတို့ကို နောက်တစ်ဖန်ဖယ်ရှားပစ်တော်မူမည်မဟုတ်”ဟု မိန့်မှာတော်မူခဲ့၏။
မည်သည့်မုဆိုးမ၊ မည်သည့်မိဘမဲ့သူကိုမျှ မနှိပ်စက်ရ။
သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
သူတို့က ‘သင်တို့၏အကျင့်ဆိုး၊ စရိုက်ဆိုးများကိုစွန့်၍ ပြန်လာကြလော့။ သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ထာဝရဘုရားပေးတော်မူသောပြည်တွင် ကာလအစဉ်အဆက်နေထိုင်ကြလော့။
ထို့ကြောင့် ယခု သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင် ထာဝရဘုရားသည် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့ရာမှ စိတ်ပြောင်းလဲတော်မူမည်။
ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်ပြန်လာမည်ဆိုလျှင်၊ ငါ့ထံသို့ပြန်လာပါ။ သင်၏ရွံရှာဖွယ်ရာတို့ကို ငါ့ရှေ့မှဖယ်ရှားပြီး တည်တည်ကြည်ကြည်နေမည်ဆိုလျှင်၊
ငါက ‘သင်သည် ငါ့ကိုကြောက်ရွံ့လိမ့်မည်၊ ငါ၏ဆုံးမစကားကို နာခံလိမ့်မည်၊ ထို့ကြောင့် သင့်ကို တစ်ခုမျှဒဏ်မခတ်၊ သင့်နေရာကို မဖျက်ဆီး’ဟု ဆိုသော်လည်း စင်စစ် သူတို့၏အပြုအမူများမှာ ပိုမိုဆိုးဝါးလာ၏။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။