ဤသို့ပြုခြင်းမှာ ငါ့ကို အမျက်ထွက်စေသည်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲကြသည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့ရာတွင်အကယ်ပင်စိတ်မသာမယာဖြစ်သူ မှာငါပေလော'' မဟုတ်ပေ။ ``သူတို့သည်သာ လျှင်မိမိတို့စိတ်ကိုမသာမယာစေလျက် အရှက်ကွဲရကြပေသည်။-
ငါ့ စိတ် မ သာ မ ယာ ရန် မ ဟုတ်၊ ကိုယ့် မျက် နှာ ပျက်၍၊ ကိုယ့် စိတ် မ သာ မ ယာ ရန် ပြု ကြ သည် မ ဟုတ် လော ဟု၊ ငါ ထာ ဝ ရ ဘု ရား မေး လေ ၏။
ထိုသို့ပြု၍ ငါ့ကိုနှောင့်ယှက်ကြသလော။ မိမိတို့ မျက်နှာကိုဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့်ယှက်ကြသည် မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
အကျွန်ုပ်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့သည် အပြစ်ကြီးလှပါ၏။ အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များသည် ယခုမြင်ရသည့်အတိုင်း တစ်ပါးအမျိုးသား၏ဘုရင်တို့လက်ထဲသို့ရောက်သွားရပြီး ဓားဖြင့်သတ်ဖြတ်ခြင်း၊ သုံ့ပန်းဖြစ်ခြင်း၊ လုယက်ခြင်းနှင့် အရှက်ခွဲခြင်းတို့ကို ခံရကြပါ၏။
သင်အပြစ်ပြုလျှင်လည်း ကိုယ်တော့်ကို မည်သို့ထိခိုက်စေနိုင်မည်နည်း။ သင်အပြစ်များစွာကျူးလွန်လျှင်လည်း ကိုယ်တော့်ကို မည်သို့ဖြစ်စေနိုင်မည်နည်း။
သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။
ရုပ်တုထုလုပ်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ အသရေပျက်ရလိမ့်မည်။ အသရေပျက်လျက် အတူတကွထွက်သွားရလိမ့်မည်။
“သားခုနစ်ယောက်မိခင်သည် အားလျော့၍ အသက်ငင်လေပြီ။ နေ့အချိန်၌ပင် သူ့ဘဝနေဝင်ချိန်ရောက်လေပြီ။ သူသည် အရှက်ကွဲသောသူ၊ မျက်နှာပျက်သောသူ ဖြစ်ရလေပြီ။ သူတို့ထဲမှကြွင်းကျန်သောသူတို့ကိုလည်း သူတို့ရန်သူတို့၏ဓားဖြင့် ဆုံးစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင့်ကို လမ်းခရီး၌ ပို့ဆောင်ခဲ့စဉ်က သင်၏ဘုရားသခင်ထာဝရဘုရားကို သင်စွန့်ပယ်သောကြောင့် သင်၌ ဤသို့ ဖြစ်ရသည်မဟုတ်လော။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် ထာဝရဘုရားသည် အားကြီးသောစစ်သူရဲအဖြစ် ငါ့ဘက်၌ ရှိတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အနိုင်မရဘဲ လဲကျကြလိမ့်မည်။ မအောင်မြင်ဘဲ အရှက်ကွဲအကျိုးနည်း ဖြစ်ကြလိမ့်မည်။ မမေ့ပျောက်နိုင်အောင် အစဉ်အသရေပျက်ကြလိမ့်မည်။
သင်၏သိုးထိန်းအားလုံးတို့သည် လေတိုက်ရာသို့ လွင့်ပါသွားရမည်။ သင်ချစ်သောသူတို့သည် ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။ သင်၏မကောင်းမှုအလုံးစုံကြောင့် အရှက်ကွဲရလိမ့်မည်။ အသရေပျက်ရလိမ့်မည်။
‘သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ သင်တို့ဒုက္ခရောက်အောင် သင်တို့လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု ထာဝရဘုရားမိန့်တော်မူ၏။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
အကြောင်းမူကား ထိုမြို့သူမြို့သားတို့သည် သူတို့ကိုယ်တိုင်မသိ၊ သင်တို့လည်းမသိ၊ သင်တို့ဘိုးဘေးလည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြ၏၊ ဝတ်ပြုကြ၏။ ထိုသို့သော မကောင်းမှုကိုပြုခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်ကြ၏။
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”
‘ငါတို့ ဖျက်ဆီးခြင်းခံရပြီတကား။ ငါတို့ အရှက်တကွဲအကျိုးနည်းဖြစ်ရပြီတကား။ သူတို့သည် ငါတို့နေထိုင်ရာအရပ်ကို ဖြိုဖျက်ပြီဖြစ်၍ ငါတို့သည် ပြည်ကိုစွန့်ခွာကြရပြီ’ဟူသော ဇိအုန်မြို့၌ မြည်တမ်းသောအသံကို ကြားရပြီ”ဟု မိန့်တော်မူ၏။
သင်သည် ရာဂစိတ်ပြင်းထန်သော သင့်အိမ်နီးချင်းအီဂျစ်အမျိုးသားတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်းခြင်းဖြင့် ငါ့ကိုအမျက်ထွက်စေပြီ။
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။
အခြားသောဘုရားများဖြင့် ကိုယ်တော်ကို သဝန်တိုစေပြီ၊ စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ကိုယ်တော်ကို အမျက်ထွက်စေပြီ။