ငါသည် သင့်ပတ်လည်၌ တပ်စခန်းချမည်။ သင့်ကို တံတိုင်းကာပြီးဝိုင်းထားမည်။ မြေကတုတ်များကိုလည်း တူးမည်။
ယေရမိ 52:4 - မြန်မာ့စံမီသမ္မာကျမ်း ဇေဒကိမင်းကြီးနန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့ စစ်ချီလာ၍ မြို့ပြင်၌ စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။ Common Language Bible ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။- Garrad Bible နန်း စံ ကိုး နှစ်၊ ဒ သ မ လ၊ ဆယ် ရက် တွင်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ အ လုံး အ ရင်း ပါ၊ ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍၊ မြို့ ပတ် လည် တွင် က တုတ် လှန် ပြီး လျှင် ဇေ ဒ ကိ မင်း နန်း စံ ဆယ့် တစ် နှစ် တိုင် အောင် တပ် စွဲ ဝိုင်း ထား ကြ ၏။ Judson Bible ဇေဒကိမင်း နန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုတ်တို့ကို တူးလုပ်ပြီးမှ၊ |
ငါသည် သင့်ပတ်လည်၌ တပ်စခန်းချမည်။ သင့်ကို တံတိုင်းကာပြီးဝိုင်းထားမည်။ မြေကတုတ်များကိုလည်း တူးမည်။
ထိုသူတို့က “ငါတို့ကို ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီး တိုက်ခိုက်နေပါသည်။ ထာဝရဘုရားသည် အံ့ဖွယ်အမှုပြုလေ့ရှိသည့်အတိုင်း ငါတို့ထံမှ သူဆုတ်ခွာသွားအောင် ပြုကောင်းပြုတော်မူမည်ဖြစ်၍ ငါတို့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပါလော့”ဟု ဆိုကြ၏။
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အားလုံး၊ သူ၏လက်အောက်ခံတိုင်းနိုင်ငံများ၊ လူမျိုးများအားလုံးသည် ဂျေရုဆလင်မြို့ရွာရှိသမျှတို့ကို တိုက်ခိုက်လာစဉ် ထာဝရဘုရားထံတော်မှနှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံ ကိုးနှစ်၊ ဒသမလတွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ချီတက်လာ၍ ဂျေရုဆလင်မြို့ကို ဝိုင်းရံထားလေ၏။
လယ်စောင့်များကဲ့သို့ သူတို့သည် ယုဒပြည်ကိုဝိုင်းရံထားကြပြီ။ အကြောင်းမူကား ယုဒပြည်သည် ငါ့ကိုပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားသဖြင့် စစ်သူရဲအပေါင်းတို့ ထွက်ပြေးကြ၏။ ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း စစ်သူရဲတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
ဂျေရုဆလင်မြို့သို့သွား၍ တုံးမောင်းကိုချထားရန်၊ သတ်မိန့်ပေးရန်၊ စစ်ငြာသံပေးရန်၊ တုံးမောင်းကိုချထားပြီး မြို့တံခါးကို ဖြိုဖျက်ရန်၊ မြေကတုတ်များနှင့် ခံတပ်များကို တည်ဆောက်ရန် သူ၏လက်ယာလက်ထဲသို့ မဲကျ၏။
ဖျက်ဆီးမည်၊ ဖျက်ဆီးမည်၊ ငါဖျက်ဆီးပစ်မည်။ စီရင်ပိုင်သူရောက်လာ၍ သူ့လက်သို့မအပ်မချင်း ဤအတိုင်းမရှိစေရ’ဟု မိန့်တော်မူ၏။
သူသည် ကမ်းရိုးတန်းမြို့ရွာတို့ကို ဓားဖြင့်လုပ်ကြံလိမ့်မည်။ ခံတပ်များဆောက်၍ မြေကတုတ်များဖို့လိမ့်မည်။ ဒိုင်းလွှားကြီးကိုအကာအကွယ်ယူလျက် တိုက်ခိုက်လိမ့်မည်။
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး တစ်ဆယ့်နှစ်နှစ်မြောက်၊ ဒသမလ၊ ငါးရက်နေ့တွင် ဂျေရုဆလင်မြို့မှ ထွတ်ပြေးလွတ်မြောက်လာသူတစ်ဦး ငါ့ထံသို့ရောက်လာ၍ “မြို့တော်ကြီးတိုက်ခိုက်ခံရလေပြီ”ဟု ကြားပြောလေ၏။
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သင်၏ရန်သူတို့သည် ကတုတ်တည်၍ သင့်ကိုဝိုင်းရံလျက် အဘက်ဘက်မှ သင့်ကိုပိတ်ဆို့ထားကာ
ဂျေရုဆလင်မြို့အား စစ်မက်ဗိုလ်ခြေတို့ဝိုင်းရံကြသည်ကိုသင်တို့တွေ့မြင်ကြသောအခါ ထိုမြို့၏ပျက်စီးဆိတ်သုဉ်းခြင်းနီးကပ်လာပြီဖြစ်ကြောင်း သိမှတ်ကြလော့။