ထိုအခါ ဖာရောမင်းကြီးသည် လူလွှတ်၍ ယောသပ်ကိုခေါ်စေသဖြင့် ယောသပ်ကို မြေအောက်အကျဉ်းခန်းထဲမှ အလျင်အမြန်ထုတ်ဆောင်ကြ၏။ ယောသပ်သည် မုတ်ဆိတ်ရိတ်၍ အဝတ်အစားလဲပြီးလျှင် ဖာရောမင်းကြီးထံသို့အခစားဝင်လေ၏။
ယေရမိ 52:33 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ယောယခိမ်မင်းကြီးသည် ထောင်အဝတ်ကိုလဲ၍ အသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်ဘေဘီလုံဘုရင်ထံ၌ စားသောက်ခွင့်ရ၏။ Common Language Bible သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များ ကိုလဲခွင့်ရလျက် အသက်ရှင်သမျှကာလ ပတ်လုံးမင်းကြီးနှင့်အတူပွဲတော်တည် ခွင့်ကိုရရှိ၏။- Garrad Bible ယေ ခေါ နိ မင်း သည်၊ ကြေး တိုက် အ ဝတ် ကို လဲ၍၊ အ သက် ထက် ဆုံး အ ထံ တော် ၌ ပွဲ တော် စာ ကို အ စဉ် စား သောက် ခွင့် ရ၏။ Judson Bible ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ် အထံတော်၌ စားသောက်ရ၏။ |
ထိုအခါ ဖာရောမင်းကြီးသည် လူလွှတ်၍ ယောသပ်ကိုခေါ်စေသဖြင့် ယောသပ်ကို မြေအောက်အကျဉ်းခန်းထဲမှ အလျင်အမြန်ထုတ်ဆောင်ကြ၏။ ယောသပ်သည် မုတ်ဆိတ်ရိတ်၍ အဝတ်အစားလဲပြီးလျှင် ဖာရောမင်းကြီးထံသို့အခစားဝင်လေ၏။
ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
ခြေနှစ်ဖက်စလုံးမသန်စွမ်းသော မေဖိဗောရှက်သည် ဂျေရုဆလင်မြို့တွင်နေထိုင်ပြီး ဘုရင်၏စားပွဲ၌ အမြဲအတူစားသောက်ခွင့်ရလေ၏။
ဒါဝိဒ်မင်းကြီးက သူ့အား “မကြောက်နှင့်။ သင့်ဖခင်ယောနသန်ကိုထောက်ပြီး သင့်အား မေတ္တာကရုဏာကိုပြမည်။ သင့်အဘိုးရှောလုမင်းကြီးပိုင်ခဲ့သောလယ်ယာမြေအားလုံးကို သင့်အား ပြန်ပေးအပ်မည်။ သင်သည် ငါ့စားပွဲတွင် အမြဲစားသောက်ရမည်”ဟု ဆိုလျှင်
သို့သော် ဂိလဒ်ပြည်သား ဗာဇိလဲ၏သားတို့ကို မေတ္တာကရုဏာပြ၍ သင်နှင့် တစ်စားပွဲတည်း၌စားရသောသူတို့နှင့်အတူ စားစေလော့။ အကြောင်းမူကား သင့်အစ်ကို အဗရှလုံကြောင့် ငါပြေးခဲ့ရစဉ်က သူတို့သည် ငါ့ကို လာရောက်မေတ္တာပြခဲ့ကြပြီ။
ဤသို့ဖြင့် ယောယခိမ်မင်းကြီးသည် ထောင်အဝတ်ကိုလဲ၍ သူအသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်ဘေဘီလုံဘုရင်ထံ၌ စားသောက်ခွင့်ရ၏။
ကိုယ်တော်သည် အကျွန်ုပ်၏မြည်တမ်းခြင်းကို ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူပြီ။ အကျွန်ုပ်၏လျှော်တေအဝတ်ကိုချွတ်၍ ဝမ်းမြောက်ခြင်းအဝတ်ကို ဝတ်ဆင်ပေးတော်မူပြီ။
ကောင်းကင်တမန်ကလည်း သူ့ရှေ့တွင်ရပ်နေသောသူတို့အား “ညစ်ပေနေသောသူ့အဝတ်များကို ချွတ်ပစ်ပါ”ဟု ဆိုပြီးလျှင် ယောရှုအား “ကြည့်ပါ။ သင့်အပြစ်တို့ကို သင့်ထံမှ ငါဖယ်ရှားပစ်ပြီ။ ခန့်ညားထည်ဝါသောအဝတ်ကိုလည်း ဝတ်ဆင်ပေးမည်”ဟု မိန့်ဆို၏။