ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
ယေရမိ 51:21 - မြန်မာ့စံမီသမ္မာကျမ်း သင့်အားဖြင့် မြင်းနှင့်မြင်းစီးသူရဲ၊ စစ်ရထားနှင့်စစ်ရထားစီးသူတို့ကို တကွဲတပြားဖြစ်စေမည်။ Common Language Bible မြင်းနှင့်မြင်းစီးသူရဲများကိုလည်းကောင်း၊ ရထားနှင့်ရထားထိန်းများကိုလည်းကောင်း ကစဥ့်ကလျားဖြစ်စေခဲ့၏။ Garrad Bible မြင်း နှင့် မြင်း စီး သူ ရဲ ကို လည်း ကောင်း၊ ရ ထား နှင့် ရ ထား စီး သူ ရဲ ကို လည်း ကောင်း၊ Judson Bible သင့်ကိုကိုင်၍ မြင်းနှင့် မြင်းစီးသူရဲကိုလည်းကောင်း၊ ရထားနှင့် ရထားစီးသူရဲကိုလည်းကောင်း ငါချိုးဖဲ့ပြီ။ |
ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
အို ယာကုပ်၏ဘုရားသခင်၊ ကိုယ်တော်၏ဆုံးမခြင်းကြောင့် စစ်ရထားနှင့်မြင်းစီးသူရဲတို့သည် အိပ်မောကျသွားကြပါ၏။
ထို့နောက် ထာဝရဘုရားထံတော်သို့ မောရှေနှင့်အစ္စရေးအမျိုးသားတို့ သီကျူးသောသီချင်းကား “ထာဝရဘုရားထံသို့ ငါသီချင်းဆိုမည်။ အကြောင်းမူကား ကိုယ်တော်သည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူပြီ။ မြင်းနှင့်မြင်းစီးသောသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ။
ထိုအခါ မိရိအံက “ထာဝရဘုရားသည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ မြင်းနှင့်မြင်းစီးသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ”ဟု သူတို့နှင့်အပြန်အလှန်သီဆိုလေ၏။
ဖာရောမင်းကြီး၏စစ်ရထားများနှင့်စစ်သည်တို့ကို ပင်လယ်ထဲသို့ချပစ်တော်မူပြီ။ လက်ရွေးစင်တပ်မှူးတို့သည်လည်း ပင်လယ်နီထဲ၌ နစ်မြုပ်ကြလေပြီ။
ရထားနှင့် မြင်း၊ စစ်သည်နှင့်အင်အားကြီးမားသောသူတို့ကို ထုတ်ဆောင်၍ သူတို့ကို မထနိုင်အောင် အတူတကွလဲစေပြီး မီးစာကိုငြှိမ်းသကဲ့သို့ ငြိမ်းသွားစေတော်မူသော ထာဝရဘုရားက
ဓားဘေးကြောင့် မြင်းများ၊ စစ်ရထားများ၊ ပြည်ထဲရှိလူမျိုးခြားများသည် မိန်းမကဲ့သို့ ကြောက်ကြလိမ့်မည်။ ဓားဘေးကြောင့် ဘဏ္ဍာတိုက်များ အသိမ်းခံရလိမ့်မည်။
ငါ့စားပွဲမှ မြင်း၊ မြင်းစီးသူရဲ၊ စစ်သူရဲအပါအဝင် စစ်သည်အပေါင်းတို့၏အသားကို သင်တို့ဝအီစွာစားရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုနေ့ရက်တွင် သင်၏မြင်းများကို ငါဖယ်ရှားပစ်မည်။ သင်၏စစ်ရထားတို့ကို ဖျက်ဆီးပစ်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကို တိုက်ခိုက်မည်။ သင့်စစ်ရထားကို မီးရှို့ပစ်မည်။ သင့်ခြင်္သေ့ပျိုတို့ကို ဓားဖြင့်ဖျက်ဆီးမည်။ သင့်သားကောင်ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်မည်။ စေတမန်တို့၏အသံကိုလည်း နောက်တစ်ဖန် ကြားရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့သည် လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ စစ်ပွဲတွင် ရန်သူကိုနင်းချေသောစစ်သူရဲများ ဖြစ်ကြလိမ့်မည်။ ထာဝရဘုရားသည် သူတို့နှင့်အတူပါရှိသောကြောင့် စစ်တိုက်ရာတွင် မြင်းစီးသူရဲတို့ကို အရှက်ကွဲစေလိမ့်မည်။
ထာဝရဘုရားက “ထိုနေ့ရက်တွင် ငါသည် စစ်မြင်းရှိသမျှကို ယောက်ယက်ခတ်စေ၍ မြင်းစီးသူရဲတို့ကို ရူးသွပ်သွားအောင် ဒဏ်ခတ်မည်။ ယုဒအမျိုးအနွယ်ကို ကြည့်ရှုစောင့်ရှောက်မည်။ လူမျိုးတကာတို့၏စစ်မြင်းရှိသမျှကို မျက်စိကွယ်သွားအောင် ဒဏ်ခတ်မည်။
ရှင်ဘုရင်တို့၏အသား၊ တပ်မှူးကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ မြင်းနှင့်မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များမှစ၍ လူကြီးလူငယ်ရှိသမျှတို့၏အသားကို လာ၍ စားကြလော့”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လေ၏။