ထိုတောင်တို့ကို သင်သည် လှေ့မည်။ လေသည် သယ်ဆောင်သွားမည်။ မုန်တိုင်းသည် လွင့်စဉ်စေမည်။ သင်သည် ထာဝရဘုရား၌ ရွှင်လန်းမည်။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားမည်။
ယေရမိ 51:2 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံမြို့သို့ ခြွေလှေ့သူတို့ကို စေလွှတ်မည်။ သူတို့သည် ထိုမြို့ကို လှေ့၍ သုတ်သင်ရှင်းလင်းလိမ့်မည်။ ဘေးအန္တရာယ်ကျရောက်မည့်နေ့၌ အဘက်ဘက်မှတိုက်ခိုက်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ဖွဲများကိုလွင့်စဉ်အောင်တိုက်ခတ်သည့်လေ ကဲ့သို့ ဗာဗုလုန်မြို့ကိုဖျက်ဆီးရန်လူမျိုး ခြားတို့ကိုငါစေလွှတ်မည်။ ယင်းသို့ဆုံးပါး ဖျက်ဆီးရာနေ့ရက်ကာလကျရောက်လာ သောအခါ သူတို့သည်အဘက်ဘက်မှနေ၍ တိုက်ခိုက်ကာထိုမြို့ကိုအကုန်အစင်ပယ် ရှင်းလိမ့်မည်။- Garrad Bible ဗာ ဗု လုန် မြို့ ကို ဝန်း ဝိုင်း လှေ့ ယပ်၍၊ တိုင်း ပြည် ကို လွတ် လပ် စေ မည့် လှေ့ ယပ် သူ တို့ ကို၊ ငါ လွှတ် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible ဆန်ကောနှင့် ပြာတတ်သော သူတို့ကို ဗာဗုလုန်မြို့သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက် နေကြလိမ့်မည်။ |
ထိုတောင်တို့ကို သင်သည် လှေ့မည်။ လေသည် သယ်ဆောင်သွားမည်။ မုန်တိုင်းသည် လွင့်စဉ်စေမည်။ သင်သည် ထာဝရဘုရား၌ ရွှင်လန်းမည်။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားမည်။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင်တို့ကိုရွေးနုတ်သောအရှင် ထာဝရဘုရားက “သင်တို့အတွက် ဘေဘီလုံမြို့သို့ စစ်သည်တို့ကို ငါစေလွှတ်၍ ခါလဒဲလူမျိုးအပါအဝင် ထိုမြို့၌ရှိသောလူအားလုံးတို့ကို မိမိတို့ဂုဏ်ယူရသောသင်္ဘောဖြင့် ထွက်ပြေးစေမည်။
ငါသည် သူတို့ကို ဤပြည်ရှိမြို့တံခါးများ၌ ဆန်ကောဖြင့်လှေ့မည်။ သူတို့၏သားသမီးများကို ဆုံးပါးစေမည်။ ငါ့လူမျိုးသည် လမ်းလွဲရာမှ ပြန်မလာသောကြောင့် သူတို့ကို ငါဖျက်ဆီးမည်။
ဘေဘီလုံမြို့ကိုတိုက်ခိုက်ရန် လေးပစ်ကျွမ်းသောလေးသည်တော်အပေါင်းတို့ကို ခေါ်ကြ။ မြို့ပတ်ပတ်လည်၌ တပ်ချကြ။ ထိုမြို့သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို ဆန့်ကျင်သည်ဖြစ်၍ ထိုမြို့ပြုခဲ့သမျှအတိုင်း ပြန်၍ပြုကြ။ ထိုမြို့ကျင့်သည့်အတိုင်း ပြန်ပေးဆပ်စေ။ မည်သူမျှ မလွတ်မြောက်စေနှင့်။
မာနထောင်လွှားသောသူသည် ခလုတ်တိုက်လဲကျလိမ့်မည်။ ထူမည့်သူရှိမည်မဟုတ်။ သူ့မြို့များကို ငါမီးရှို့မည်။ သူ့ပတ်ပတ်လည်ရှိအရာအားလုံး လောင်ကျွမ်းသွားမည်”ဟု မိန့်တော်မူ၏။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။