လူအသီးသီးတို့သည် အမဲလိုက်ခံရသောဒရယ်ကဲ့သို့၊ စုစည်းပေးမည့်သူမရှိသောသိုးကဲ့သို့ ဖြစ်လိမ့်မည်။ မိမိလူမျိုးထံ ပြန်လှည့်၍ မိမိပြည်သို့ ပြန်ပြေးလာကြလိမ့်မည်။
ယေရမိ 50:16 - မြန်မာ့စံမီသမ္မာကျမ်း မျိုးစေ့ကြဲသောသူ၊ တံစဉ်ကိုင်ပြီး ရိတ်သိမ်းသောသူကို ဘေဘီလုံမြို့မှ ဖယ်ရှားကြလော့။ ကြမ်းတမ်းသောဓားဘေးမှလွတ်အောင် လူတိုင်း ကိုယ့်လူမျိုးရှိရာသို့ ပြန်သွားကြလိမ့်မည်။ လူတိုင်း ကိုယ့်ပြည်သို့ ပြန်ပြေးကြလိမ့်မည်။ Common Language Bible ဗာဗုလုန်ပြည်တွင်ပျိုးကြဲခွင့်မပြုကြ နှင့်။ သူတို့ကိုလည်း အသီးအနှံများရိတ် သိမ်းခွင့်မပေးကြနှင့်။ ထိုအရပ်တွင်နေ ထိုင်လျက်ရှိသည့်လူမျိုးခြားမှန်သမျှ သည် ယခုစစ်ဆင်လျက်ရှိသည့်တပ်မတော် ကိုကြောက်သဖြင့် မိမိတို့ပြည်သို့ပြန် ကြလိမ့်မည်။ Garrad Bible မျိုး ကြဲ သူ့ ကို လည်း ကောင်း၊ ရိတ် သိမ်း သော ကာ လ၊ တံ စဉ် ကိုင် သူ့ ကို လည်း ကောင်း၊ ဗာ ဗု လုန် မြို့ မှ ပယ် ရှား ကြ လော့။ ရက် စက် သော ဓား ဘေး အ တွက်၊ အ သီး အ သီး တို့ သည်၊ အ မျိုး သား ချင်း ရှိ ရာ လှည့်၍၊ နေ ရင်း ပြည် သို့ ပြေး သွား ကြ လ တ္တံ့။ Judson Bible ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသောသူနှင့် စပါးရိတ်သောသူတို့ကို ပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ဓားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ပြန်သွား၍၊ မိမိတို့ပြည်သို့ ပြေးကြလိမ့်မည်။ |
လူအသီးသီးတို့သည် အမဲလိုက်ခံရသောဒရယ်ကဲ့သို့၊ စုစည်းပေးမည့်သူမရှိသောသိုးကဲ့သို့ ဖြစ်လိမ့်မည်။ မိမိလူမျိုးထံ ပြန်လှည့်၍ မိမိပြည်သို့ ပြန်ပြေးလာကြလိမ့်မည်။
ခြင်္သေ့ပျိုသည် ပုန်းအောင်းရာနေရာကိုစွန့်ခွာသကဲ့သို့ ထာဝရဘုရားသည် သူတို့၏ပြည်ကိုစွန့်ခွာတော်မူပြီ။ သူတို့၏ပြည်သည် နိုင်ထက်စီးနင်းပြုသောသူနှင့် ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် လူသူကင်းမဲ့ရာအရပ်ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။
သူတို့ကို အတုံးအရုံးလဲကျစေသဖြင့် သူတို့ တစ်ဦးအပေါ်တစ်ဦးလဲကျကြပြီ။ သူတို့က “နိုင်ထက်စီးနင်းပြုသူ၏ဓားဘေးကြောင့် ငါတို့လူမျိုးရှိရာ ငါတို့မွေးရပ်မြေသို့ ထပြန်ကြစို့”ဟု ဆိုကြ၏။
သင့်အားဖြင့် သိုးထိန်းနှင့်သိုးစု၊ လယ်သမားနှင့်လယ်ထွန်နွား၊ ဘုရင်ခံနှင့်အုပ်ချုပ်သူတို့ကို တကွဲတပြားဖြစ်စေမည်။
ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။
အို လယ်လုပ်သားတို့၊ ရှက်ကြလော့။ အို စပျစ်ခြံလုပ်သားတို့၊ ညည်းတွားကြလော့။ အကြောင်းမူကား လယ်မြေတွင် ရိတ်သိမ်းစရာ ဂျုံစပါး၊ မုယောစပါးတို့ ပျက်စီးလေပြီ။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “လမ်းဆုံလမ်းခွ၌ ငိုကြွေးကြလိမ့်မည်။ လူစည်ကားရာနေရာရှိသမျှ၌ ‘အလိုလေး၊ အလိုလေး’ဟု အော်ဟစ်ကြလိမ့်မည်။ ငိုကြွေးမြည်တမ်းရန် လယ်သမားတို့ကို ခေါ်ကြလိမ့်မည်။ ငိုချင်းချရန် ငိုချင်းသည်တို့ကို ခေါ်ကြလိမ့်မည်။