ယေရမိ 49:34 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်ဇေဒကိမင်းကြီး နန်းတက်စ၌ ဧလံပြည်နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံ ရောက်လာ၍ Common Language Bible ယုဒဘုရင်ဇေဒကိနန်းတက်ပြီးနောက် မကြာမီ အနန္တတန်ခိုးရှင်ထာဝရဘုရား သည် ဧလံပြည်ကိုရည်မှတ်၍ငါ့အားဗျာ ဒိတ်ပေးတော်မူသည်မှာ၊- Garrad Bible ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နန်း စံ စ ကာ လ၊ ဧ လံ လူ မျိုး ကို ရည် လျက်၊ ပ ရော ဖက် ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ Judson Bible ယုဒရှင်ဘုရင်ဇေဒကိမင်း နန်းစံစက၊ ဧလံပြည်ကိုရည်မှတ်သော ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊ |
ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီး၊ ဧလံဘုရင်ခေဒေါရလောမာမင်းကြီးနှင့် ဂေါအိမ်ဘုရင်တိဒလမင်းကြီးတို့အုပ်စိုးသောကာလ၌
ထိုသို့ ဧလံဘုရင်ခေဒေါရလောမာမင်းကြီး၊ ဂေါအိမ်ဘုရင်တိဒလမင်းကြီး၊ ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီးဟူသော ဘုရင်လေးပါးတို့နှင့် ထိုဘုရင်ငါးပါးတို့သည် စစ်ခင်းကြ၏။
ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲနှင့် ကျန်အပေါင်းပါများ၊ တရားသူကြီးများ၊ အုပ်ချုပ်သူများ၊ အရာရှိများ၊ အဖာရပြည်သား၊ အာခေဝပြည်သား၊ ဘေဘီလုံပြည်သား၊ ဧလံလူမျိုး ရှုရှနက်ပြည်သားအပါအဝင်
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
“သစ္စာမဲ့သောသူသည် သစ္စာမဲ့လျက်နေ၏။ ဖျက်ဆီးသောသူသည်လည်း ဖျက်ဆီးလျက်နေ၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ ဝိုင်းထားကြလော့။ ညည်းတွားခြင်းရှိသမျှကို ငါအဆုံးသတ်စေမည်”ဟူသော ကြောက်မက်ဖွယ်နိမိတ်ကို ငါအားဖော်ပြတော်မူ၏။
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
ထိုဗျာဒိတ်နိမိတ်ကိုမြင်ရစဉ် ငါသည် ဧလံပြည် ရှုရှန်နန်းတော်တွင် ရှိနေ၏။ ထိုဗျာဒိတ်နိမိတ်ထဲတွင် ငါသည် ဥလဲမြစ်နားသို့ ရောက်နေ၏။
ငါတို့တွင် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊