ယေရမိ 49:34 - Common Language Bible34 ယုဒဘုရင်ဇေဒကိနန်းတက်ပြီးနောက် မကြာမီ အနန္တတန်ခိုးရှင်ထာဝရဘုရား သည် ဧလံပြည်ကိုရည်မှတ်၍ငါ့အားဗျာ ဒိတ်ပေးတော်မူသည်မှာ၊- အခန်းကိုကြည့်ပါ။Garrad Bible34 ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နန်း စံ စ ကာ လ၊ ဧ လံ လူ မျိုး ကို ရည် လျက်၊ ပ ရော ဖက် ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ အခန်းကိုကြည့်ပါ။Judson Bible34 ယုဒရှင်ဘုရင်ဇေဒကိမင်း နန်းစံစက၊ ဧလံပြည်ကိုရည်မှတ်သော ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ယုဒဘုရင်ဇေဒကိမင်းကြီး နန်းတက်စ၌ ဧလံပြည်နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံ ရောက်လာ၍ အခန်းကိုကြည့်ပါ။ |
ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-