မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
ယေရမိ 48:8 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖျက်ဆီးသောသူသည် မြို့ရွာတိုင်းသို့ရောက်လာမည်။ မြို့တစ်မြို့ ရွာတစ်ရွာမျှလွတ်မည်မဟုတ်။ ချိုင့်ဝှမ်းလည်း ပျက်စီးမည်။ လွင်ပြင်လည်း ပျက်စီးမည်။ Common Language Bible အဘယ်မြို့မျှဆုံးပါးပျက်စီးမှုနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။ ချိုင့်ဝှမ်းရော၊လွင်ပြင်ပါပျက်စီးလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ မိန့် တော် မူ ချက် အ ရ၊ ဖျက် ဆီး သူ သည် မြို့ ရွာ တိုင်း ရောက် ၍၊ တစ် မြို့ တစ် ရွာ မျှ ဘေး မ လွတ် ရ၊ ချိုင့် နှင့် ပြန့် ပါ၊ ဖျက် ဆီး သုတ် သင် ခြင်း ခံ ရ လ တ္တံ့။ Judson Bible လုယူသောသူသည် မြို့များအစဉ်အတိုင်းရောက်လာ၍ မြို့တစ်မြို့မျှ မလွတ်ရ။ ချိုင့်နှင့်တကွ လွင်ပြင်သည်လည်း၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။ |
မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
အို ဒိဘုန်မြို့၌နေထိုင်သောသမီးပျို၊ ဘုန်းအသရေရှိသောပလ္လင်မှဆင်း၍ ခြောက်ကပ်သောမြေပြင်ပေါ်၌ ထိုင်လော့။ အကြောင်းမူကား မောဘပြည်ကိုဖျက်ဆီးသောသူသည် စစ်ချီလာပြီ။ သင်၏ခံတပ်တို့ကို ဖျက်ဆီးတော့မည်။
အကြောင်းမူကား ဘေဘီလုံမြို့ကို တိုက်ခိုက်ဖျက်ဆီးမည့်သူ ရောက်လာပြီ။ ဘေဘီလုံစစ်သူရဲတို့ အဖမ်းခံရပြီ။ သူတို့၏လေးတို့သည်လည်း ကျိုးလေပြီ။ ထာဝရဘုရားသည် အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်သောဘုရားသခင် ဖြစ်တော်မူသောကြောင့် အမှန်ပင် ပြန်ပေးဆပ်တော်မူမည်။
အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။
မောဘပြည်တောင်စောင်းတစ်လျှောက် အရေးပါသောနယ်စပ်မြို့များဖြစ်သည့် ဗက်ယေရှိမုတ်မြို့၊ ဗာလမုန်မြို့၊ ကိရယသိမ်မြို့တို့ကို ငါကျိုးပေါက်စေမည်။
ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်ရှိ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမုန်မြို့၊
လွင်ပြင်ရှိ မြို့အားလုံး၊ ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံးဖြစ်၏။ မောရှေသည် ရှိဟုန်ဘုရင်နှင့်တကွ ရှိဟုန်ဘုရင်မင်းမြှောက်ထား၍ ထိုပြည်တွင်နေထိုင်ကြသောမိဒျန်ခေါင်းဆောင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘ တို့ကို ကွပ်မျက်ခဲ့၏။
သူတို့ရရှိသောအမွေမြေကား အာနုန်ချောင်းနံဘေးရှိ အာရော်မြို့မှစ၍ ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်လျှောက် ဒိဘုန်မြို့အထိ