အော်ဟစ်သံသည် မောဘပြည်နယ်စပ်အထိရောက်လေ၏။ မြည်တမ်းသံသည် ဧဂလိမ်မြို့၊ ဗေရဧလိမ်မြို့တိုင်အောင် ရောက်လေ၏။
ယေရမိ 48:20 - မြန်မာ့စံမီသမ္မာကျမ်း မောဘပြည် ပြိုလဲပြီဖြစ်၍ အရှက်ကွဲပြီ။ ငိုကြွေးမြည်တမ်းကြလော့။ မောဘပြည် ဖျက်ဆီးခံရကြောင်းကို အာနုန်ချောင်းတစ်လျှောက် ကြေညာကြလော့။ Common Language Bible ထိုသူတို့က`မောဘပြည်ကျဆုံးလေပြီ။ ထိုပြည်အတွက်ငိုကြွေးကြလော့။ ယင်းသည်အရှက်ကွဲလေပြီ။ မောဘပြည်ပျက်သုဉ်း၍သွားကြောင်းကို အာနုန်မြစ်ရိုးတစ်လျှောက်တွင်ကြွေးကြော် ကြလော့' ဟုပြန်လည်ဖြေကြားကြလိမ့်မည်။ Garrad Bible မော ဘ သည် ပြို ပျက်၍၊ အ ရှက် ရ လေ စွ ဟု အော် ဟစ် ကြ လော့။ မော ဘ ပျက် စီး ပြီ ဟု အာ နုန် ချောင်း တစ် လျှောက် ကြော် ငြာ ကြ လော့။ Judson Bible မောဘသည် စိတ်ပျက်လေ၏။ ပြိုလဲလျက် ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်းကို အာနုန်မြို့၌ ကြားပြောကြလော့။ |
အော်ဟစ်သံသည် မောဘပြည်နယ်စပ်အထိရောက်လေ၏။ မြည်တမ်းသံသည် ဧဂလိမ်မြို့၊ ဗေရဧလိမ်မြို့တိုင်အောင် ရောက်လေ၏။
အသိုက်အဖျက်ခံရ၍ ထွက်ပြေးသောငှက်များကဲ့သို့ မောဘသမီးတို့သည် အာနုန်မြစ်ဆိပ်၌ ရောက်နေကြ၏။
အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
သူတို့ရရှိသောအမွေမြေကား အာနုန်ချောင်းနံဘေးရှိ အာရော်မြို့မှစ၍ ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်လျှောက် ဒိဘုန်မြို့အထိ
ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။