သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
ယေရမိ 48:12 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထာဝရဘုရားက “ကြည့်ရှုလော့။ မောဘပြည်အား သွန်ပစ်မည့်သူများကို ငါစေလွှတ်သောနေ့ရက် ရောက်လာမည်။ သူတို့သည် မောဘပြည်ကို သွန်ပစ်ကြမည်။ အိုးတို့ကို မှောက်ပစ်ကြမည်။ ဘူးများကိုလည်း ရိုက်ခွဲကြမည်။ Common Language Bible ``သို့ဖြစ်၍မောဘပြည်ကိုစပျစ်ရည်သဖွယ် သွန်မှောက်မည့်လူတို့အား ငါစေလွှတ်မည့်အချိန် ကာလကျရောက်လာလိမ့်မည်။ သူတို့သည်ထို ပြည်၏စပျစ်ရည်အိုးများကိုသွန်မှောက်ကာ အစိတ်စိတ်အမြွှာမြွှာခွဲပစ်ကြလိမ့်မည်။- Garrad Bible သို့ ဖြစ်၍၊ ထို လူ မျိုး ကို စောင်း ငှဲ့ ခြင်း၊ မြူ များ ကို မှောက် လှန် ခြင်း၊ အိုး များ ကို ခွဲ ဖျက် ခြင်း ပြု ရန်၊ စောင့် ငှဲ့ အံ့ သူ တို့ ကို၊ ငါ စေ လွှတ် သည့် နေ့ ရက် ကာ လ ရောက် လ တ္တံ့ သော ကြောင့်၊ Judson Bible သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရသော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကိုစောင်း၍ထားပြီးလျှင်၊ သူ၏အိုးတို့ကို သွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။ |
သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
အသိုက်အဖျက်ခံရ၍ ထွက်ပြေးသောငှက်များကဲ့သို့ မောဘသမီးတို့သည် အာနုန်မြစ်ဆိပ်၌ ရောက်နေကြ၏။
အိုးထိန်းသည်သည် အိုးကိုမနှမြောဘဲ ခွဲလိုက်သဖြင့် အကျိုးအပဲ့များကြားတွင် မီးဖိုထဲမှမီးကိုကော်ယူ၍ရလောက်သော၊ ရေတိုင်ကီထဲမှရေကိုခပ်ယူ၍ရလောက်သော အိုးခြမ်းပဲ့တစ်ခုမျှမတွေ့ရသည်အထိ ကွဲကြေသွားသောအိုးကဲ့သို့ ကျိုးပဲ့သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
မှူးမတ်တို့က ငယ်သားများအား ရေခပ်စေ၍ သူတို့သည် ရေတွင်းသို့ရောက်သောအခါ ရေမတွေ့ရလျှင် စိတ်ပျက်လျက် ရှက်ရှက်နှင့် မျက်နှာဖုံးလျက် အိုးချည်းသက်သက်ဖြင့် ပြန်လာကြရ၏။
အို သိုးထိန်းတို့၊ ညည်းတွားငိုကြွေးကြလော့။ အော်ဟစ်ကြလော့။ အို သိုးစုခေါင်းဆောင်တို့၊ ပြာ၌လူးကြလော့။ သင်တို့ကိုသတ်ဖြတ်မည့်နေ့ရက်၊ တကွဲတပြားဖြစ်စေမည့်နေ့ရက် ရောက်လာပြီ။ အဖိုးတန်ပစ္စည်းပျက်စီးသကဲ့သို့ သင်တို့ပျက်စီးကြလိမ့်မည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးအနွယ်သည် သူတို့ကိုးစားသော ဗေသလဘုရားကြောင့် အရှက်ကွဲခဲ့ကြရသကဲ့သို့ မောဘပြည်သားတို့သည်လည်း ခေမုရှဘုရားကြောင့် အရှက်ကွဲကြရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “မောဘပြည် ပျက်စီးပြီ။ မောဘမြို့များသို့ ရန်သူချီလာပြီ။ ရဲစွမ်းသတ္တိရှိသောလူငယ်တို့သည် အသတ်ခံရပြီ”ဟု မိန့်တော်မူ၏။
မောဘပြည်ရှိ ခေါင်မိုးပြင်များ၊ လမ်းမများမှစ၍ နေရာအနှံ့ မြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား မည်သူမျှအလိုမရှိသောအိုးကဲ့သို့ မောဘပြည်ကို ငါခွဲပစ်လိုက်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖျက်ဆီးသောသူသည် မြို့ရွာတိုင်းသို့ရောက်လာမည်။ မြို့တစ်မြို့ ရွာတစ်ရွာမျှလွတ်မည်မဟုတ်။ ချိုင့်ဝှမ်းလည်း ပျက်စီးမည်။ လွင်ပြင်လည်း ပျက်စီးမည်။
လုယက်ဖျက်ဆီးသောသူတို့သည် အကိုင်းအခက်များပါမကျန် လုယက်ဖျက်ဆီးခဲ့သော်လည်း စင်စစ် ထာဝရဘုရားသည် အစ္စရေးလူမျိုး၏ဘုန်းတန်ခိုးကဲ့သို့ ယာကုပ်အမျိုး၌ ဘုန်းတန်ခိုးပြန်ပေးတော်မူမည်။