ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ယေရမိ 46:25 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ နောမြို့ရှိအာမုန်ဘုရား၊ ဖာရောမင်းကြီး၊ အီဂျစ်ပြည်နှင့် အီဂျစ်ပြည်၏ဘုရားများ၊ ဘုရင်များ၊ ဖာရောကို ကိုးစားသောသူများ စသည်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သိဘိမြို့၌ရှိသောအမ္မုန်ဘုရားကိုအီဂျစ် ပြည်၊ အီဂျစ်ဘုရားများ၊ ဘုရင်များနှင့် အတူဆုံးမမည်။ အီဂျစ်ပြည်ဘုရင်နှင့် သူ့ကိုအားထားယုံကြည်သူမှန်သမျှကို ငါဆုံးမမည်။- Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊ နော မြို့ ရှိ အာ မုန် ဘု ရား မှ စ၍၊ ဖာ ရော မင်း ကို လည်း ကောင်း၊ အိ ဂျစ် ပြည် ကို လည်း ကောင်း၊ ဘုရား များ ကို လည်း ကောင်း၊ ဘုရင် များ ကို လည်း ကောင်း၊ ဖာ ရော မင်း နှင့် အား ထား သူ တို့ ပါ၊ ငါ ဒဏ် ခတ် လျက်၊ Judson Bible ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်းဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစားသောသူတို့ကို ငါဆုံးမမည်။ |
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒဘုရင်ဇေဒကိမင်းကြီးအား သူ့အသက်ကိုရန်ရှာသောသူ၏ရန်သူ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်သို့ ငါအပ်သကဲ့သို့ အီဂျစ်ဘုရင်ဖာရောဟောဖရာကိုလည်း သူ၏အသက်ကိုရန်ရှာသော သူ၏ရန်သူတို့လက်သို့ ငါအပ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဟေရှဘုန်မြို့၊ ညည်းတွားငိုကြွေးလော့။ အာဣမြို့ ပျက်စီးလေပြီ။ အို ရဗ္ဗာသမီးပျို၊ အော်ဟစ်လော့။ လျှော်တေအဝတ်ကိုဝတ်လျက်၊ တံတိုင်းအတွင်း ပြေးလွှားလျက် ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား မိလကုံဘုရားသည် သူနှင့်ဆိုင်သော ယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားခြင်းခံရလေပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘အီဂျစ်ဘုရင်ဖာရောမင်းကြီးကို ငါဆန့်ကျင်ဘက်ပြုမည်။ သူကိုင်ထားသောဓား လက်မှလွတ်ကျသွားသည်အထိ သန်မာနေသောလက်နှင့် ကျိုးနေသောလက်ကိုပါ ငါချိုးပစ်မည်။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။