ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးသည် လူလွှတ်ပြန်၍ “ရှမာရိမြေမှုန့်သည် ငါ့ခြေရင်း၌ခစားသောသူအားလုံးအတွက် လက်တစ်ဆုပ်စာစီလောက်ငှမည်ဆိုလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု မှာလိုက်၏။
ယေရမိ 46:17 - မြန်မာ့စံမီသမ္မာကျမ်း “အပြောကြီးသော အီဂျစ်ဘုရင်ဖာရောမင်းကြီး၊ အခွင့်ကောင်းကို သင်လက်လွတ်ရပြီ”ဟူ၍လည်း အော်ဟစ်ကြ၏။ Common Language Bible ``အီဂျစ်ဘုရင်ဖာရောအား `အခွင့်ကောင်းကိုလက်လွတ်သူ၊လေအိုးကြီး' ဟူသောနာမည်သစ်ကိုပေးကြလော့။ Garrad Bible ထိုက် သင့် ရာ အ ခါ ကို လွန် စေ ပြီး သော အိ ဂျစ် ဘု ရင် ဖာ ရော မင်း သည်၊ ပြို ပျက် သံ မျှ သာ တ ကား ဟူ ၍ လည်း ကောင်း၊ ထို အ ရပ် ၌ ပင် ဟစ် အော် ကြ လိမ့် မည်။ Judson Bible ရောက်ပြီးမှ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။ |
ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးသည် လူလွှတ်ပြန်၍ “ရှမာရိမြေမှုန့်သည် ငါ့ခြေရင်း၌ခစားသောသူအားလုံးအတွက် လက်တစ်ဆုပ်စာစီလောက်ငှမည်ဆိုလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု မှာလိုက်၏။
အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးက “ငြိမ်းချမ်းရေးအတွက် လာသည်ဖြစ်စေ၊ စစ်တိုက်ဖို့အတွက် လာသည်ဖြစ်စေ သူတို့ကို အရှင်ဖမ်းဆီးထားကြ”ဟု အမိန့်ပေး၏။
ကိုယ်တော်သည် လေကိုရှူထုတ်လိုက်ရာ ပင်လယ်ရေသည် သူတို့ကိုဖုံးလွှမ်း၍ ရေထုအောက်သို့ ခဲသတ္တုသဖွယ်နစ်မြုပ်သွားလေ၏။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
ခပ်သိမ်းသောအရာအတွက် သတ်မှတ်ထားသောအချိန်အခါရှိ၍ ကောင်းကင်အောက်ရှိ ခပ်သိမ်းသောအကြောင်းကိစ္စအတွက် သူ့အချိန်ရှိ၏။
အီဂျစ်ပြည်သားတို့သည် ဘုရားမဟုတ်၊ လူမျှသာဖြစ်၏။ သူတို့၏မြင်းသည်လည်း ဝိညာဉ်မဟုတ်၊ အသွေးအသားမျှသာဖြစ်၏။ ထာဝရဘုရား လက်တော်ကိုဆန့်သောအခါ ကူညီသောသူသည် ခလုတ်တိုက်၍ အကူညီခံရသူသည် လဲကျလိမ့်မည်။ သူတို့အားလုံးသည် အတူတကွပျက်စီးကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘အီဂျစ်ဘုရင်ဖာရောမင်းကြီး၊ နိုင်းမြစ်ကိုငါပိုင်၏၊ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုလျက် မြစ်ချောင်းထဲတွင် လဲလျောင်းနေသောသတ္တဝါကြီး၊ သင့်ကို ငါဆန့်ကျင်မည်။
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။