ကိုယ်တော်၏ဝိညာဉ်တော်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်သွားနိုင်ပါမည်နည်း။ ကိုယ်တော်၏ရှေ့တော်မှောက်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်ထွက်ပြေးနိုင်ပါမည်နည်း။
ယေရမိ 43:8 - မြန်မာ့စံမီသမ္မာကျမ်း တာပနက်မြို့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍ Common Language Bible တာပနက်မြို့၌ထာဝရဘုရားသည်ငါ့အား၊- Garrad Bible တာ ပ နက် မြို့ ၌၊ ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ ကျောက် ပြား ကြီး များ ကို ကိုင် ယူ လျက်၊ Judson Bible တာပနက်မြို့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊ |
ကိုယ်တော်၏ဝိညာဉ်တော်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်သွားနိုင်ပါမည်နည်း။ ကိုယ်တော်၏ရှေ့တော်မှောက်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်ထွက်ပြေးနိုင်ပါမည်နည်း။
မင်ဖစ်မြို့သား၊ တာပနက်မြို့သားတို့သည်လည်း သင်၏ဦးထိပ်ကို ထိုးဖောက်ကြပြီ။
“ယုဒအမျိုးသားတို့မျက်စိရှေ့တွင် ကျောက်တုံးကြီးတို့ကိုယူ၍ တာပနက်မြို့ရှိ ဖာရောမင်းကြီး၏နန်းတော်အဝင်ဝ အုတ်ဖိုမြေ၌ မြှုပ်ထားရမည်။
အီဂျစ်ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ မင်ဖစ်မြို့၊ ပါသရုမြို့တို့၌ နေထိုင်သော ဂျူးလူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
“ဓားသည် သင့်ပတ်လည်ရှိပြည်တို့ကို ဝါးမျိုလေပြီ။ သင်လည်း အသင့်ပြင်၊ နေရာယူလော့”ဟု အီဂျစ်ပြည်၌ကြွေးကြော်လော့။ မိဂဒေါလမြို့၌ ကြေညာလော့။ မင်ဖစ်မြို့၊ တာပနက်မြို့၌ ကြေညာလော့။
ဒသမနှစ်၊ ဒသမလ၊ တစ်ဆယ့်နှစ်ရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
အီဂျစ်ပြည်၏ထမ်းပိုးကို ချိုးပစ်သောအခါ တာပနက်မြို့၌ နေ့သည် အမှောင်ကျလိမ့်မည်။ သူဂုဏ်ယူအားထားရာ သူ၏ခွန်အားသည်လည်း ကုန်ခန်းသွား၍ သူ့အဖို့ တိမ်ဖုံးသောနေ့တစ်နေ့ဖြစ်လိမ့်မည်။ မြို့သူမြို့သားတို့သည် သုံ့ပန်းအဖြစ် ပါသွားကြလိမ့်မည်။
တစ်ဆယ့်တစ်နှစ်မြောက်၊ တတိယလ၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
တစ်ဆယ့်နှစ်နှစ်မြောက်၊ တစ်ဆယ့်နှစ်လပိုင်း၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။