ယေရမိ 43:6 - မြန်မာ့စံမီသမ္မာကျမ်း
ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန် အပ်နှံထားခဲ့သော ယောက်ျား၊ မိန်းမ၊ ကလေး၊ ဘုရင့်သမီးတော်တို့နှင့်တကွ လူအပေါင်းတို့ကိုလည်း ခေါ်ဆောင်သွားကြ၏။ ပရောဖက်ယေရမိနှင့် နေရိ၏သားဗာရုတ်ကိုလည်း ခေါ်ဆောင်သွားလေ၏။
အခန်းကိုကြည့်ပါ။
အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် နှင့်ဘုရင့်သမီးတော်အစရှိသည့်လူအ ပေါင်းတို့ကိုလည်းကောင်း၊ ဂေဒလိလက်တွင် နေဗုဇာရဒန်အပ်နှံထားခဲ့သောငါနှင့် ဗာရုတ်အစရှိသည့်လူအပေါင်းတို့ကို လည်းကောင်းခေါ်ဆောင်သွားသတည်း။-
အခန်းကိုကြည့်ပါ။
ယောက်ျား၊ မိန်း မ၊ သူ ငယ်၊ မင်း သ မီး တို့ မှ စ ၍၊ ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ အ ပါး တွင်၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် ထား ခဲ့ သော လူ ဟူ သ မျှ ကို၊ ပ ရော ဖက် ယေ ရ မိ နှင့် နေ ရိ သား ဗာ ရုတ် တို့ ပါ၊ ခေါ် သွား လျက်၊
အခန်းကိုကြည့်ပါ။
ပြန်လာသော ယုဒအမျိုးသား အကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိ၌အပ်သော လူအပေါင်းတို့ကိုလည်းကောင်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကိုလည်းကောင်း၊ ကာရာသားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊
အခန်းကိုကြည့်ပါ။