ယေရမိ 43:6 - Common Language Bible6 အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် နှင့်ဘုရင့်သမီးတော်အစရှိသည့်လူအ ပေါင်းတို့ကိုလည်းကောင်း၊ ဂေဒလိလက်တွင် နေဗုဇာရဒန်အပ်နှံထားခဲ့သောငါနှင့် ဗာရုတ်အစရှိသည့်လူအပေါင်းတို့ကို လည်းကောင်းခေါ်ဆောင်သွားသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible6 ယောက်ျား၊ မိန်း မ၊ သူ ငယ်၊ မင်း သ မီး တို့ မှ စ ၍၊ ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ အ ပါး တွင်၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် ထား ခဲ့ သော လူ ဟူ သ မျှ ကို၊ ပ ရော ဖက် ယေ ရ မိ နှင့် နေ ရိ သား ဗာ ရုတ် တို့ ပါ၊ ခေါ် သွား လျက်၊ အခန်းကိုကြည့်ပါ။Judson Bible6 ပြန်လာသော ယုဒအမျိုးသား အကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိ၌အပ်သော လူအပေါင်းတို့ကိုလည်းကောင်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကိုလည်းကောင်း၊ ကာရာသားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန် အပ်နှံထားခဲ့သော ယောက်ျား၊ မိန်းမ၊ ကလေး၊ ဘုရင့်သမီးတော်တို့နှင့်တကွ လူအပေါင်းတို့ကိုလည်း ခေါ်ဆောင်သွားကြ၏။ ပရောဖက်ယေရမိနှင့် နေရိ၏သားဗာရုတ်ကိုလည်း ခေါ်ဆောင်သွားလေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒတပ်မတော်အရာရှိအချို့နှင့်စစ်သူရဲ အချို့တို့သည်လက်နက်မချခဲ့ကြချေ။ သူ တို့သည်အဟိကံ၏သားဂေဒလိကိုဗာဗု လုန်ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် မြို့သို့သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းမခံရကြ သူတို့အားအုပ်စိုးစေတော်မူကြောင်းကြားသိ ကြ၏။ ဤသူတို့ကားတိုင်းပြည်တွင်အဆင်းရဲ ဆုံးသောသူများဖြစ်သတည်း။-
ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။
ယုဒဘုရင်၏နန်းတော်တွင်ကျန်ရှိသမျှ သောအမျိုးသမီးတို့ကို ဗာဗုလုန်ဘုရင် ၏မှူးမတ်များထံသို့ထုတ်ဆောင်သွားကြ လိမ့်မည်။ သူတို့သည်ဤသို့ထွက်ခွာသွား ကြရစဉ်၊ `မင်းကြီး၏အချစ်ဆုံးမိတ်ဆွေများသည် သူ့အားလှည့်စား၍၊သူ့အပေါ်၌သြဇာလွှမ်းမိုး ကြ၏။ ယခုအခါ၊မင်းကြီး၏ခြေတို့သည်ရွှံ့နွံတွင် ကျွံလျက်နေပြီဖြစ်၍၊ ထိုမိတ်ဆွေများသည်သူ့အားစွန့်ပစ်ကြလေပြီ' ဟုဆိုကြလိမ့်မည်'' ဟုလျှောက်ထား၏။
ဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။-