ထိုအခါ စစ်တပ်အကြီးအကဲများအပါအဝင် လူကြီးလူငယ်အားလုံးတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်သဖြင့် ထ၍ အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြလေ၏။
ယေရမိ 43:4 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ကာရာ၏သားယောဟနန်နှင့်တကွ စစ်သည်အကြီးအကဲများနှင့် ပြည်သူပြည်သားအားလုံးတို့သည် ယုဒပြည်၌ နေထိုင်ရမည်ဟူသော ထာဝရဘုရား၏စကားတော်ကို မနာခံကြ။ Common Language Bible သို့ဖြစ်၍ယောဟနန်၊ တပ်မှူးများနှင့်လူ အပေါင်းတို့သည် ယုဒပြည်တွင်နေထိုင်ရန် ထာဝရဘုရား၏အမိန့်တော်ကိုမနာ ခံကြ။- Garrad Bible ကာ ရာ့ သား ယော ဟ နန် မှ စ၍၊ တပ် မှူး တို့ နှင့် လူ ပ ရိ သတ် တို့ သည်၊ ယု ဒ ပြည်၌ နေ ထိုင် ရန် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် သံ ကို၊ နား မ ထောင် ကြ ချေ။ Judson Bible ကာရာသားယောဟနန် အစရှိသောတပ်မှူးများနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည်ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ |
ထိုအခါ စစ်တပ်အကြီးအကဲများအပါအဝင် လူကြီးလူငယ်အားလုံးတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်သဖြင့် ထ၍ အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြလေ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
သို့ဖြစ်၍ ငါဆိုသည်ကား ဉာဏ်ပညာသည် အစွမ်းတန်ခိုးထက်ပို၍ကောင်း၏။ သို့သော် ဆင်းရဲသား၏ဉာဏ်ပညာသည် အထင်အမြင်သေးခြင်းခံရ၍ သူ၏စကားတို့ကို မည်သူမျှနားမထောင်ကြ။
အဟိကံ၏သားဂေဒလိကို နေသနိ၏သားဣရှမေလသတ်ပြီးနောက် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲအပေါင်းတို့သည် စစ်သူရဲများ၊ မိန်းမများ၊ ကလေးငယ်များနှင့် မင်းမှုထမ်းများဖြစ်သည့် မိဇပါမြို့မှကြွင်းကျန်သောသူအပေါင်းတို့ကို ဣရှမေလလက်မှကယ်တင်ပြီး ဂိဗောင်မြို့မှ ပြန်ခေါ်ဆောင်လာခဲ့၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
ယေရမိသည် ကာရာ၏သားယောဟနန်မှစ၍ သူနှင့်အတူရှိသောစစ်သည်အကြီးအကဲများနှင့် လူကြီးလူငယ်အပေါင်းတို့ကိုခေါ်ပြီးလျှင်
သို့သော် သူတို့ နားမထောင်ကြ၊ ဂရုမစိုက်ကြ။ သူတို့ ပြုသောမကောင်းမှုအတွက် နောင်တမရဘဲ အခြားသောဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက်နေကြ၏။