ယေရမိ 43:4 - Common Language Bible4 သို့ဖြစ်၍ယောဟနန်၊ တပ်မှူးများနှင့်လူ အပေါင်းတို့သည် ယုဒပြည်တွင်နေထိုင်ရန် ထာဝရဘုရား၏အမိန့်တော်ကိုမနာ ခံကြ။- အခန်းကိုကြည့်ပါ။Garrad Bible4 ကာ ရာ့ သား ယော ဟ နန် မှ စ၍၊ တပ် မှူး တို့ နှင့် လူ ပ ရိ သတ် တို့ သည်၊ ယု ဒ ပြည်၌ နေ ထိုင် ရန် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် သံ ကို၊ နား မ ထောင် ကြ ချေ။ အခန်းကိုကြည့်ပါ။Judson Bible4 ကာရာသားယောဟနန် အစရှိသောတပ်မှူးများနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည်ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ဤသို့ဖြင့် ကာရာ၏သားယောဟနန်နှင့်တကွ စစ်သည်အကြီးအကဲများနှင့် ပြည်သူပြည်သားအားလုံးတို့သည် ယုဒပြည်၌ နေထိုင်ရမည်ဟူသော ထာဝရဘုရား၏စကားတော်ကို မနာခံကြ။ အခန်းကိုကြည့်ပါ။ |
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။