စစ်ပွဲမကြုံ၊ တံပိုးမှုတ်သံမကြား၊ အစာမွတ်သိပ်ခြင်းမရှိရာ အီဂျစ်ပြည်သို့သွား၍ ထိုအရပ်၌နေမည်’ဟု ဆိုလျှင်
စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။-
နေ မည် မ ဟုတ်။ စစ် မှု တွေ့ ခြင်း၊ တံ ပိုး မှုတ် သံ ကြား ခြင်း၊ အ စာ မွတ် သိပ် ခြင်း များ ကို မ ခံ စား ရ သော အိ ဂျစ် ပြည် သို့ ခို ဝင် နေ ထိုင် မည် ဟူ၍ လည်း ကောင်း၊ ဆို ကြ လျှင် မူ ကား၊
စစ်မှုကို မတွေ့မြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်သို့ သွား၍နေမည်ဟု ဆိုလျှင်၊
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
ထိုအရပ်၌ လူတို့သည် ရေငတ်ကြသဖြင့် မောရှေအား “ငါတို့နှင့်တကွ ငါတို့၏သားသမီးများ၊ တိရစ္ဆာန်များကို ရေငတ်၍သေစေရန် ငါတို့ကို အဘယ်ကြောင့် အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သနည်း”ဟု ညည်းညူပြကြ၏။
သင်တို့က “ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ထွက်ပြေးမည်”ဟု ဆိုသောကြောင့် သင်တို့ထွက်ပြေးရလိမ့်မည်။ “ငါတို့သည် အပြေးမြန်သောမြင်းကိုစီးသွားမည်”ဟု ဆိုသောကြောင့် သင်တို့ကိုလိုက်သောသူတို့သည် အလျင်အမြန်လိုက်လိမ့်မည်။
ငါ၏ဗျာဒိတ်တော်ကိုမမေးမြန်းဘဲ ဖာရောမင်းကြီး၏အကာအကွယ်အောက်၌ နားခိုရာကိုရှာပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
အချက်ပြအလံကို မည်သည့်အချိန်အထိ ငါမြင်နေရမည်နည်း။ တံပိုးမှုတ်သံကို မည်သည့်အချိန်အထိ ငါကြားနေရမည်နည်း။
ထို့နောက် သူတို့သည် ဗက်လင်မြို့နားရှိ ဂေရုခိမဟံအရပ်တွင် သွား၍နေထိုင်ကြပြီး ထိုမှတစ်ဆင့် အီဂျစ်ပြည်သို့သွားရန် ကြံရွယ်ကြ၏။
ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏စကားတော်ကိုမနာခံဘဲ အီဂျစ်ပြည်သို့ထွက်သွား၍ တာပနက်မြို့တိုင်အောင် ရောက်သွားကြ၏။
ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။
ထို့ပြင် သူတို့က “ငါတို့သည် အကြီးအမှူးတစ်ဦးကို တင်မြှောက်၍ အီဂျစ်ပြည်သို့ပြန်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။
ငါတို့ကို ဤတောကန္တာရထဲ၌ သေစေရန် နို့နှင့်ပျားရည်စီးသောပြည်မှ ထုတ်ဆောင်ခဲ့သည်မှာ မလုံလောက်ဘဲ ငါတို့အပေါ် မင်းအဖြစ် အုပ်စိုးလိုသေးသလော။
ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။
ဤကျိန်ဆိုသောစကားများကိုကြားသောအခါ ‘ငါသည် ငါ့စိတ်သဘောအတိုင်း လိုက်လျှောက်သော်လည်း ငါသည် ဘေးကင်းလျက်ရှိ၏’ဟု ဆိုလျက် စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ်ကောင်းချီးပေးတတ်သောသူသည် ရေဝသောမြေ ခြောက်သွေ့သွားသကဲ့သို့ ဖျက်ဆီးခြင်းခံရမည်။