ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ယေရမိ 41:2 - မြန်မာ့စံမီသမ္မာကျမ်း နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူဆယ်ယောက်တို့သည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ထ၍ဓားဖြင့်ခုတ်သတ်လေ၏။ Common Language Bible နသနိ၏သားဣရှမေလနှင့်သူ၏လူဆယ် ယောက်သည် မိမိတို့ဋ္ဌားများကိုဆွဲထုတ်ပြီး နောက် ပြည်နယ်ဘုရင်ခံအဖြစ်ဗာဗုလုန် ဘုရင်ခန့်ထားသည့်ဂေဒလိကိုခုတ်သတ် ကြကုန်၏။- Garrad Bible နာ သ နိ သား ဣ ရှ မေ လ သည် ဘက် ပါ လူ တစ် ကျိပ် နှင့် ထ၍၊ ပြည် ပေါ် တွင်၊ ဗာ ဗု လုန် ဘု ရင် ခန့် ထား ခဲ့ သူ ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား၊ ထို ဂေ ဒ လိ ကို၊ ဓား ဖြင့် လုပ် ကြံ ပြီး လျှင်၊ Judson Bible ထိုအခါ နာသနိသား ဣရှမေလနှင့် ထိုလူတစ်ကျိပ်တို့သည်ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည်အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို ဓားနှင့်ခုတ်၍သတ်ကြ၏။ |
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သားဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့သို့လာ၏။ သူတို့သည် ဂေဒလိအပါအဝင် ဂေဒလိနှင့်အတူနေသော ဂျူးလူမျိုးများနှင့် ခါလဒဲလူမျိုးများကိုပါ မိဇပါမြို့တွင် တိုက်ခိုက်သတ်ဖြတ်လေ၏။
သူတို့သည် အကျွန်ုပ်အား အကောင်းကိုအဆိုးဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို မုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်ဆပ်ကြပါ၏။
ငါ့မုန့်ကိုစားသော ငါယုံကြည်စိတ်ချခဲ့သည့် ငါ၏မိတ်ဆွေရင်းချာပင်လျှင် ငါ့ကိုဖနောင့်နှင့်ပေါက်လေပြီ။
“အမ္မုန်ဘုရင်ဗာလိတ်မင်းကြီးသည် သင့်ကိုသတ်ရန် နေသနိ၏သားဣရှမေလကို စေလွှတ်ကြောင်း သင်မသိသလော”ဟု မေးလေ၏။ သို့သော် အဟိကံ၏သားဂေဒလိသည် သူတို့၏စကားကိုမယုံ။
သို့သော် အဟိကံ၏သားဂေဒလိက ကာရာ၏သားယောဟနန်အား “သင်ထိုသို့မပြုရ။ ဣရှမေလနှင့်ပတ်သက်၍ သင်မဟုတ်မမှန် ပြောဆိုလေပြီ”ဟု ဆို၏။
ယေရမိထွက်မသွားမီ ကိုယ်ရံတော်မှူးက “ယုဒပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ ပြန်သွား၍ ပြည်သူတို့နှင့်အတူ နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်း ကောင်းမည်ဟု သင်ထင်သည့်နေရာသို့ သွားပါလော့”ဟု ဆိုလျက် ယေရမိအား လက်ဆောင်နှင့် စားနပ်ရိက္ခာကိုပေး၍ ပြန်လွှတ်လိုက်လေ၏။
ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းမခံရသော ဆင်းရဲသားပြည်သားများဖြစ်သည့် ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို အုပ်ချုပ်ရန် ဘေဘီလုံဘုရင်သည် အဟိကံ၏သားဂေဒလိကို ခန့်ထားကြောင်း တောထဲ၌ခိုနေသော စစ်သည်အကြီးအကဲအပေါင်းတို့ ကြားသိသောအခါ
နေသနိ၏သား ဣရှမေလ၊ ကာရာ၏သား ယောဟနန်နှင့်ယောနသန်၊ တာနုမက်၏သား စရာယ၊ နေတောဖာသိလူမျိုး ဧဖဲ၏သားများ၊ မာခါသိအမျိုးသား ယေဇနိတို့သည်လည်း သူတို့၏လူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့ရောက်လာကြ၏။
မိဇပါမြို့၌ ဂေဒလိနှင့်အတူရှိနေသော ဂျူးလူမျိုးအားလုံးနှင့် သူတို့တွေ့ရှိသော ခါလဒဲစစ်သူရဲတို့ကိုပါ သတ်လေ၏။
သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။