အာသမင်းကြီးသည်လည်း ယုဒပြည်သူပြည်သားအပေါင်းတို့ကို ခေါ်ဆောင်လာ၍ ရာမမြို့ကိုဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ယူဆောင်သွားစေကာ ထိုပစ္စည်းများဖြင့် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
ယေရမိ 40:6 - မြန်မာ့စံမီသမ္မာကျမ်း ယေရမိသည်လည်း အဟိကံ၏သား ဂေဒလိရှိရာ မိဇပါမြို့သို့ပြန်သွား၍ ပြည်၌ကျန်ရစ်သောပြည်သားတို့နှင့်အတူ နေထိုင်လေ၏။ Common Language Bible ငါသည်လည်းဂေဒလိထံသို့သွား၍မိဇပါ မြို့တွင်ကြွင်းကျန်လျက်ရှိသည့်ပြည်သူပြည် သားတို့နှင့်အတူနေထိုင်လေသည်။ Garrad Bible ယေ ရ မိ သွား ၍ မိ ဇ ပါ မြို့ ရှိ အ ဟိ ကံ့ သား ဂေ ဒ လိ ထံ၊ ပြည် တော် တွင် ကျန် သေး သူ တို့ နှင့် အ တူ နေ လေ ၏။ Judson Bible ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့သွား၍၊ ပြည်၌ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ၏။ |
အာသမင်းကြီးသည်လည်း ယုဒပြည်သူပြည်သားအပေါင်းတို့ကို ခေါ်ဆောင်လာ၍ ရာမမြို့ကိုဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ယူဆောင်သွားစေကာ ထိုပစ္စည်းများဖြင့် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
သူတို့သည် ယေရမိကို ထောင်ဝင်းထဲမှ ထုတ်ယူပြီးလျှင် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ သူ့ကိုအပ်၍ အိမ်သို့ပြန်ပို့စေ၏။ ဤသို့ဖြင့် ယေရမိသည် မိမိလူမျိုးတို့နှင့်အတူ နေထိုင်ရလေ၏။
သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သား၊ ဘုရင်၏ကိုယ်ရံတော်မှူး ဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့ရှိ အဟိကံ၏မြေးဂေဒလိထံသို့ ရောက်လာကြ၏။ ထိုမိဇပါမြို့တွင် အတူတကွ စားသောက်နေကြစဉ်
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
အစ္စရေးအမျိုးသားတို့က “ငါတို့သမီးပျိုကို ဗင်္ယာမိန်အမျိုးသားတို့နှင့် လုံးဝမပေးစား”ဟု မိဇပါမြို့တွင် ကျိန်ဆိုကြ၏။