ဘေဘီလုံမြို့သားတို့က သုကုတ်ဗေနုတ်ဘုရား၊ ကုသမြို့သားတို့က နေရဂါလဘုရား၊ ဟာမတ်မြို့သားတို့က အရှိမဘုရား၊
ယေရမိ 39:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။ Common Language Bible (ယေရုရှလင်မြို့ကိုသိမ်းယူရရှိသောအခါ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ စာသခိမ် နှင့်အခြားနေရဂါလရှရေဇာတို့အပါ အဝင်ဗာဗုလုန်ဘုရင်၏မှူးမတ်တို့သည် အလယ်တံခါးသို့လာ၍ထိုင်ကြ၏။) Garrad Bible နေ ရ ဂါ လ ရှ ရေ ဇာ၊ သံ ဂါ နေ ဗော၊ ရာ ဗ သာ ရိပ် ဘွဲ့ ခံ စာ သ ခိမ် နှင့် ရာ ဗ မဂ် ဘွဲ့ ခံ နေ ရ ဂါ လ ရှ ရေ ဇာ တို့ မှ စ၍ ဗာ ဗု လုန် ဘု ရင်၏ ဗိုလ် စု မှူး စု အ ပေါင်း တို့ သည် ဝင်၍ မြို့ ရိုး အ လယ် တံ ခါး ဝ၌ ထိုင် နေ ကြ ၏။ Judson Bible ရွှေဓားဝန် နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ် စာသခိမ်၊ မာဂုပညာရှိအုပ် နေရဂါလရှရေဇာ တည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်အစရှိသော မှူးတော်မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ ထိုင်ကြ၏။ |
ဘေဘီလုံမြို့သားတို့က သုကုတ်ဗေနုတ်ဘုရား၊ ကုသမြို့သားတို့က နေရဂါလဘုရား၊ ဟာမတ်မြို့သားတို့က အရှိမဘုရား၊
အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြို့ရိုးအပြင်ဘက်၌ဝိုင်းထားသော ဘေဘီလုံဘုရင်နှင့် ခါလဒဲလူမျိုးတို့ကို တိုက်ခိုက်ရန် သင်တို့ကိုင်စွဲထားသောလက်နက်များကို သင်တို့ထံပြန်လှည့်စေမည်။ ထိုလက်နက်တို့ကို မြို့ထဲ၌ ငါစုသိမ်းမည်။
ထိုအခါ ယေရမိက ဇေဒကိမင်းကြီးအား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ဘေဘီလုံဘုရင်၏တပ်မှူးတို့ထံသွား၍ အညံ့ခံလျှင် သင်အသက်ချမ်းသာရာရမည်။ ဤမြို့သည်လည်း မီးရှို့ခံရမည်မဟုတ်။ သင်နှင့် သင်၏အိမ်သူအိမ်သားတို့ အသက်ချမ်းသာရာရကြလိမ့်မည်။
သို့ဖြစ်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရာဗသာရိပ်နေဗုရှာဇဗန်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏မှူးမတ်အပေါင်းတို့ကို စေလွှတ်၍
များပြားလှသောမြင်းများကြောင့် ဖုန်များတထောင်းထောင်းထ၍ သင့်ကိုဖုံးလွှမ်းလိမ့်မည်။ မြို့တံခါးမှတစ်ဆင့် ပြိုပျက်သွားသောမြို့ထဲသို့ပြေးဝင်လာသော မြင်းစီးသူရဲများ၊ စစ်ရထားများ၏ဘီးသံများကြောင့် မြို့ရိုးများပင် တုန်ခါသွားရလိမ့်မည်။