ငါသည် လူအုပ်ကြီးကို ကြောက်၍ ဆွေမျိုးသားချင်းတို့ ကဲ့ရဲ့မည်ကို စိုးရိမ်သဖြင့် တံခါးအပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာနေဖူးသလော။
ယေရမိ 38:9 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။ Common Language Bible ``အရှင်မင်းကြီး၊ ဤသူတို့ပြုခဲ့ကြသည့် အမှုများသည်မှားပါ၏။ သူတို့သည်ယေရမိ အားရေတွင်းထဲသို့ချခဲ့ကြပါပြီ။ သူသည် ဧကန်မုချအစာငတ်၍သေရပါလိမ့်မည်။ မြို့တွင်း၌လည်းအစာရေစာမရှိတော့ ပါ'' ဟုလျှောက်လေ၏။- Garrad Bible အို အ ရှင် ဘု ရင် မင်း မြတ်၊ ဤ သူ တို့ သည် ပ ရော ဖက် ယေ ရ မိ ကို ရေ တွင်း သို့ ချ ၍ အ ဆိုး ပြု ကြ ပါ ပြီ။ မြို့ တော် တွင် ရိက္ခာ မ ရှိ သည့် အ တွက်၊ ထို တွင်း ၌၊ မွတ် သိပ် သေ ဆုံး တော့ မည် ဟု တင် လျှောက် သ ဖြင့်၊ Judson Bible အကျွန်ုပ်သခင် အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက်ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ ချထားကြပါပြီ။ မြို့၌ မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ ငတ်မွတ်၍သေပါလိမ့်မည်ဟု လျှောက်သော်၊ |
ငါသည် လူအုပ်ကြီးကို ကြောက်၍ ဆွေမျိုးသားချင်းတို့ ကဲ့ရဲ့မည်ကို စိုးရိမ်သဖြင့် တံခါးအပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာနေဖူးသလော။
သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
ရှင်ဘုရင်ကလည်း အီသီယိုးပီးယားအမျိုးသားဧဗဒမေလက်အား “ပရောဖက်ယေရမိမသေမီ သင့်လက်အောက်ငယ်သား လူအယောက်သုံးဆယ်ကိုခေါ်၍ သူ့ကို ရေတွင်းထဲမှ ထုတ်ယူလော့”ဟု မိန့်ဆို၏။
ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
ငါ့ကို မြေတွင်းထဲပစ်ချပြီး သေကြောင်းကြံကြပြီ။ ကျောက်တုံးဖြင့် ပစ်ပေါက်ကြပြီ။